SJ WorldNews - шаблон joomla Авто

MNL ပွဲစဉ်(၃)တွင် ဟံသာဝတီ အသင်း၊ ရှမ်းယူနိုက်တက် အသင်းနှင့် မကွေးအသင်းတို့ နိုင်ပွဲရ

Sunday, 26 January 2020 08:52 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်န၀ါရီ  ၂၅

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၃)ပထမနေ့ကို ယနေ့ညနေပိုင်းတွင် ကျင်းပရာ ဟံသာဝတီအသင်း၊ ရှမ်းယူနိုက် တက်အသင်းနှင့် မကွေးအသင်းတို့နိုင်ပွဲရရှိပြီး အိမ်ကွင်းလက်ခံကစားရသည့် စစ်ကိုင်းအသင်း၊ ချင်းယူနိုက်တက်အသင်းနှင့် Southern အသင်း သုံးသင်းစလုံး ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

သုဝဏကွင်း၌ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ချင်းယူ နိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီ အသင်းသည် ယခုရာသီပထမဆုံးအဝေးကွင်းပွဲတွင် တန်းတက်ချင်းယူနိုက်တက်အသင်းကိုအနိုင်ယူပြီး သုံးပွဲဆက် အနိုင်ရခဲ့သည်။

ချင်းယူနိုက်တက်အသင်းသည် ပွဲစဉ်(၂)တွင် နိုင်ပွဲရခဲ့သော်လည်း ယခုတစ်ပတ်ပွဲတွင် ပုံစံကောင်းပြသနိုင်ခြင်းမရှိဘဲ ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

ဟံသာဝတီအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားရာ ချင်းယူနိုက်တက် အသင်း ကစားကွက်တည် မရဖြစ် သွားပြီး ပထမပိုင်း မှာပင် နှစ်ဂိုးခွင့်ပြုခဲ့ရသည်။ နိုင်ငံခြားသား တိုက်စစ်အတွဲဖြစ်သည့် ဒိုနယ်နှင့် အီမီကာတို့              အတွဲမိခဲ့သောကြောင့် ဟံသာဝတီ တိုက်စစ်ပိုကောင်းခဲ့ပြီး ၁၇ မိနစ်တွင်ဒိုနယ်၏ဖန်တီပေးမှုမှတစ်ဆင့် အီမီကာက  အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဟံသာဝတီအသင်းကသာပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး ၂၉ မိနစ်တွင် ဒိုနယ်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ချင်းယူနိုက်တက်အသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော် လည်း ဟံသာဝတီအသင်းကသာ ဂိုးသွင်းခွင့်များပိုရခဲ့ပြီး အဆုံးသတ်အားနည်းခဲ့၍ တစ်ဂိုးသာထပ်ရခဲ့သည်။ ဟံသာ

ဝတီအသင်းအတွက် တတိယဂိုးကို ၇၃ မိနစ် တွင် နန်းဝေမင်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ၇၈ မိနစ်တွင် ကျော်မင်း သန်း ချင်းယူနိုက် တက်အသင်းက ချေပဂိုးပြန်သွင်းခဲ့သော် လည်း ဟံသာဝတီအသင်းက ပွဲအပြီးထိ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။

မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက စစ်ကိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်

ရရှိကာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။ ပြီးခဲ့ သည့်ပွဲတွင် ဟံသာဝတီကို အဝေးကွင်း၌ အရေးနိမ့်ပြီး ရှုံးပွဲမရှိမှတ်တမ်း ကျိုးပျက် ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် ယခု ပွဲတွင် ရုန်းကန်ခဲ့ရသော်လည်း နောက်မှလိုက်ကစားကာ အမှတ်ပြည့် ရယူနိုင်ခဲ့သည်။

စစ်ကိုင်းအသင်းသည် အိမ်ကွင်း၌ ခြေအသာရပြီး ဦးဆောင်ဂိုးရခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်၍ ယခုရာသီ ပထမဆုံးရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရသည်။ ၆၂ မိနစ်တွင် ပက်ထရစ်က စစ်ကိုင်းအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူ ခဲ့သော်လည်း ၇၃ မိနစ် တွင် ဆက်ဖြိုးဝေက ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ချေပဂိုး ရပြီး ငါးမိနစ်အကြာတွင် ရှမ်းယူနိုက်တက် အသင်းအနိုင်ဂိုးရခဲ့ပြီး ရန်နိုင်ဦးက အဝေးမှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ မော်လမြိုင် ကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက Southern အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ သည်။ှ Southern အသင်းသည် အိမ်ကွင်းသုံးပွဲဆက် ကစားရသော်လည်း သုံးပွဲစလုံး ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိဘဲ ရှုံးပွဲ ထပ်မံကြုံတွေ့ခဲ့ရသည်။ ၃၃ မိနစ်တွင် အောင်မြတ်သူကှသကအ့နမည အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူ ခဲ့သော်လည်း မကွေး အသင်းအတွက် ၃၉ မိနစ်တွင် ပြည်မိုးက ချေပဂိုးနှင့် ၅၅ မိနစ်တွင် ဝေယံထွန်းက  အနိုင်ဂိုး သွင်းယူခဲ့သည်။

ပွဲစဉ်(၃)ဒုတိယနေ့ကို ဇန်န၀ါရီ ၂၆ ရက် (ယနေ့)တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီးYUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရတနာပုံ အသင်း၊ ပုသိမ်ကွင်း၌ဧရာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ ဝေသာလီကွင်း၌ ရခိုင် အသင်းနှင့် အားကစား နှင့် ကာယပညာ သိပ်္ပံ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

Read 100 times Last modified on Sunday, 26 January 2020 08:52