SJ WorldNews - шаблон joomla Авто

၂၀၂၀ ပြည့်နှစ်၊ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

Sunday, 26 January 2020 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၅

၂၀၂၀ ပြည့်နှစ်၊ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အထိမ်း အမှတ် (၂၇)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြော ရေးနှင့် တည်းခိုရေး စခန်း စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ တပ်မတော်နေ့  ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်  ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီး အရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင် များ၊ အကဲဖြတ် အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးက ၂၀၂၀ ပြည့်နှစ်၊ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ အုပ်စု(၄) စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှုတွင် တတိယဆုရရှိသည့် တပ်မတော် (ကြည်း) အမှတ်(၄)အရာခံနှင့် အကြပ်ကြီး သင်ကျောင်း ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ ဒုတိယဆုရရှိသည့် တပ်မတော်နည်းပညာတကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမဆုရရှိသည့်တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကိုယ်စားပြု စစ်တီးဝိုင်း အသင်း ခေါင်းဆောင်တို့ကိုလည်းကောင်း၊ အုပ်စု(၃)စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှုတွင် တတိယဆု ရရှိသည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်ကိုယ်စားပြု အမှတ်(၂)တပ်ခွဲစစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်ကိုယ်စားပြုစစ်တီးဝိုင်း အသင်းနှင့် ပထမဆုရရှိသည့် အမှတ်(၇၇) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်းခေါင်းဆောင်တို့ကိုလည်းကောင်း၊ အုပ်စု(၂)စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင် မှုတွင် တတိယဆုရရှိသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ ဒုတိယဆု ရရှိသည့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမ ဆုရရှိသည့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းခေါင်း ဆောင်တို့ကိုလည်းကောင်း၊ အုပ်စု(၁)စစ်တီး ၀ိုင်းခေါင်းဆောင် ကျွမ်းကျင်မှုတွင် အကောင်း ဆုံးဆုရရှိသည့် စစ်တကသိုလ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်းခေါင်းဆောင်တို့ကိုလည်း ကောင်း ဆုများ အသီးသီးပေးအပ်သည်။

ဆက်လက်၍ အသင်းလိုက်ဆုများကိုပေး အပ်ချီးမြှင့်ရာ အုပ်စု(၄)တွင် အသင်းလိုက်တတိယဆုရရှိသည့် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် တပ်မတော် (ကြည်း) ဗိုလ်သင် တန်း ကျောင်း (ဗထူး)ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမဆုရရှိသည့် တပ်မတော်ဆေးတကသိုလ်ကိုယ်စား ပြု စစ်တီးဝိုင်းအသင်း တို့ကိုလည်းကောင်း၊ အုပ်စု(၃)တွင် အသင်းလိုက်အထူးဆု(၂)ရရှိသည့် အမှတ်(၉၉)ခြေမြန် တပ်မ ဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ အထူးဆု(၁)ရရှိသည့် အမှတ်(၄၄)ခြေမြန်တပ်မဌာန ချုပ်ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ တတိယ ဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်း အသင်း၊ ဒုတိယဆုရရှိသည့်အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်ကိုယ်စားပြုစစ်တီးဝိုင်းအသင်းနှင့် ပထမဆုရရှိသည့် အမှတ်(၅၅)ခြေမြန်တပ်မ ဌာနချုပ်ကိုယ်စားပြုစစ်တီးဝိုင်းအသင်းတို့ကိုလည်းကောင်း၊ အုပ်စု(၂)တွင် အသင်းလိုက် တတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် နေပြည်တော် တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမဆုရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ကို လည်းကောင်း၊ အုပ်စု(၁)တွင် အသင်းလိုက်အထူးဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် ကိုယ်စားပြု ရဲတီးဝိုင်းအသင်း၊ တတိယ ဆုရရှိသည့် စစ်တကသိုလ်ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြုစစ်တီးဝိုင်း အသင်းနှင့် ပထမဆုရရှိသည့်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်း တို့ကိုလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။

အဆိုပါတပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှစတင် ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီး ၀ိုင်းပြိုင်ပွဲကို ဇန်န၀ါရီ ၁၃ ရက်မှ စတင်၍ ယနေ့ထိကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်စစ်တီး ၀ိုင်း အသင်းပေါင်း ၅၃ သင်းဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

။။။။။။။။။။

Read 131 times Last modified on Sunday, 26 January 2020 08:55