SJ WorldNews - шаблон joomla Авто

ပျဉ်းမနားမြို့ ဘောဂ၀တီ ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း (ဘောဂ၀တီ) စံပြကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Wednesday, 29 January 2020 08:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်န၀ါရီ   ၂၈

နေပြည်တော် ဒက်္ခိဏခရိုင် ပျဉ်းမနားမြို့ ဘောဂ၀တီရပ်ကွက်ရှိ   အခြေခံပညာမူလတန်းကျောင်း (ဘောဂ၀တီ)စံပြကျောင်း ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် အဆိုပါကျောင်းဆောင်သစ် မျက်နှာစာ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးဝင်းခိုင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော် ကောင်စီဥက်္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မာတို့က အခြေခံပညာ မူလတန်းကျောင်း (ဘောဂ၀တီ) စံပြကျောင်း ဆောင် သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥကဋ္ဌ၊ ဒုတိယ ၀န်ကြီးများ၊ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နေပြည်တော်တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင်နှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်မာတို့က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကျောင်းဆောင်သစ် ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင် ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲ အထိမ်း အမှတ်အဖြစ် အဆိုပါကျောင်း ဆောင်သစ်မျက်နှာစာ၌ ကံ့ကော်ပင်ကို စိုက်ပျိုးပေးသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများနှင့်လည်းကောင်း၊ အကအဖွဲ့မှကျောင်းသူလေးများနှင့်လည်းကောင်း၊ ဘင်ခရာ အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူလေးများနှင့် လည်းကောင်း၊ ပန်းဖွားအက အဖွဲ့မှ ကျောင်းသူလေးများနှင့် လည်းကောင်း၊ ဆရာ၊ ဆရာမများ နှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် ကျောင်းဆောင်သစ်အတွင်းရှိ စာသင်ခန်းများ၌ ပညာသင်ယူလျက်ရှိသည့် KG တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများ ဆေးရောင်ခြယ် သနေမှုနှင့် ကဗျာရွတ် ဆိုမှုများကို လည်းကောင်း၊ GRADE -1 မှ  ကျောင်းသား၊ ကျောင်းသူလေးများ၏ ကဗျာရွတ်ဆိုမှုများကို လည်းကောင်း၊ ကျောင်းစာကြည့်တိုက်၌ ကျောင်းသား ကျောင်းသူလေးများ စာပေလေ့လာ ဖတ်ရှု နေမှုများကို လည်းကောင်း၊ GRADE -5 မှ ကျောင်းသား၊ ကျောင်းသူလေးများ ပညာသင် ယူနေမှုကို လည်းကောင်း ၊ GRADE -3 နှင့် GRADE -2 တို့မှ ကျောင်းသား၊ ကျောင်းသူ လေးများ၏ ကဗျာရွတ်ဆို မှုများ ကိုလည်းကောင်း လှည့်လည် ကြည့်ရှုသည်။

ယနေ့ဖွင့်လှစ်လိုက်သည့် အခြေခံပညာ မူလတန်းကျောင်း(ဘောဂ၀တီ)စံပြကျောင်းဆောင်သစ်သည် နေပြည်တော် ဒက်္ခိဏ ခရိုင် ပျဉ်းမနားမြို့ ဘောဂ၀တီရပ်ကွက်တွင်ရှိပြီး အကျယ်အ၀န်း ၇ ဒသမ ၈၅ ဧကပေါ်တွင် ဆောက်လုပ်ထားသည့် R.C.C နှစ်ထပ် စံပြကျောင်းဆောင်ဖြစ်ကြောင်းနှင့် စာသင်ဆောင် သုံးဆောင် ပါဝင်ကြောင်း။

နိုင်ငံတော်အစိုးရ အနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယခုကဲ့သို့သောအရည်အသွေးရှိသည့် ၁၆၈ ပေ၊ ၁၈၄ ပေ R.C.C နှစ်ထပ် မူလတန်း ကျောင်းဆောင်များကို ပြည်နယ် နှင့် တိုင်း ၁၄ခုနှင့် နေပြည်တော်အပါအ၀င် ၁၅ နေရာတွင် ၁၅ ကျောင်းကို တည်ဆောက် ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆက်လက် တည်ဆောက်နိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                    

(သတင်းစဉ်)

Read 98 times Last modified on Wednesday, 29 January 2020 08:04