SJ WorldNews - шаблон joomla Авто

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ ခုနှစ် ဧပြီလမှစက်တင်ဘာလအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင် ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေး

Wednesday, 29 January 2020 08:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်န၀ါရီ ၂၈၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး  ဒုတိယနေ့ကို  ယနေ့နံနက်  ၁၀  နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌  ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှစက်တင်ဘာလအထိ ခြောက်လအတွက်  စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာပထမတွဲ (၁၆/၂၀၁၉)အပေါ် လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးကြသည်။  

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီး မိုးကျော်က ပြည်ထောင်စု၏  အရအသုံးခန့်မှန်းခြေ  ငွေစာရင်းအကောင်အထည်ဖော်မှု နှင့်ပတ်သက်၍ မူလခန့်မှန်းချက်ထက် ရငွေမှာ ငွေကျပ် ၆၂၇ ဒသမ ၆၉၅ ဘီလီယံ တိုးတက်ခဲ့ကြောင်း၊  သုံးငွေမှာ ငွေကျပ် ၉၈၈ ဒသမ ၈၄၇  ဘီလီယံလျော့နည်းသုံးစွဲခဲ့သည့် အတွက် ဘတ်ဂျက်လိုငွေကို လျော့ချနိုင်ခဲ့ပြီး ဘတ်ဂျက်လိုငွေနှင့် GDP အချိုးမှာ လည်း ၁ ဒသမ ၂၇ ရာခိုင်နှုန်းသာရှိတဲ့ အတွက် ကောင်းမွန်တဲ့ စာရင်းဇယား တစ်ခု  ဖြစ်တာကိုတွေ့ရှိရမှာဖြစ်ကြောင်း၊ သို့သော် GDP တန်ဖိုးက မူလခန့်မှန်းချက်ထက် ငွေကျပ် ၃၅၀ ဒသမ ၃၈၅ ဘီလီယံလျော့နည်း သည့်အတွက် ၀န်ကြီးဌာနများအနေဖြင့် စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများထိထိရောက် ရောက်ဖြစ် အောင် ကြိုးပမ်းဆောင်ရွက် သင့်ကြောင်း၊  ရငွေပိုင်းကို ကြည့်မည်ဆိုရင် လျာထားချက်ထက် ၁၀၇ ဒသမ ၃၆ ရာခိုင်နှုန်း အကောင် အထည် ဖော်နိုင်ခဲ့တာတွေ့ရ သော်လည်း ပြည်ပ အကူအညီရငွေအပေါ် ထုတ်ယူသုံးစွဲနိုင်မှုက ၃၅ ဒသမ၂၅ ရာခိုင် နှုန်းနှင့် ချေးငွေအပေါ် ထုတ်ယူသုံးစွဲနိုင်မှုမှာ ၄၅ ဒသမ ၃၄ ရာခိုင်နှုန်းသာရှိသည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေမည့် အကူအညီရငွေ ချေးငွေစီမံ ကိန်းများ လျာထားချက်အတိုင်း အကောင်အထည်ဖော်နိုင်သည်ကို တွေ့ရှိရကြောင်း။

ပြည်ပချေးငွေ ထုတ်ယူသုံးစွဲမှု ၅၀ ရာခိုင်နှုန်း အောက်သာဆောင်ရွက်နိုင်သော အဖွဲ့အစည်းများမှာ ၀န်ကြီးဌာန ၅ ခု ၊ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း သုံးခုနှင့် ဘဏ္ဍာ ရန်ပုံငွေပြင်ပအဖွဲ့အစည်း  တစ်ခုဆိုတာ တွေ့ရမှာဖြစ်ကြောင်း၊ စာရင်းစစ်ချုပ်အစီရင် ခံစာနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာများတွင် ရငွေနှင့်ပတ်သက်၍ ဘတ်ဂျက်လျာထားရာတွင် ရငွေများ ပြည့်စုံစွာ ထည့်သွင်းလျာထားမှုမရှိခြင်း၊ ရငွေများ နှုန်းထားများ ခေတ်ကာလနှင့်လျော်ညီမှုမရှိခြင်း၊ အမှန်ရငွေနှင့် အနီးစပ်ဆုံး ခန့်မှန်းလျာ ထားမှုမရှိခြင်း၊ ယခင်နှစ်ကြွေးဟောင်းများ ထည့်သွင်းလျာထားမှုမရှိခြင်း  စသည့် အားနည်းချက်များ ကြောင့်ဟု  သုံးသပ်ထား ကြောင်း၊ အားနည်းချက် ၄ ချက်ကတော့ အရအသုံးမှန်းခြေငွေစာရင်းရေးဆွဲရာတွင်  ဌာနအသီး သီး၏ အားနည်းချက်များကြောင့် ဖြစ်၍ ပြည်ထောင်စုဗဟို အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများအနေဖြင့် ဂရုတစိုက် မှတ်သား ပြုပြင်ရန် လိုအပ်ကြောင်းနှင့် အရ/ အသုံးမှန်းခြေငွေစာရင်းအပေါ် ကြီးကြပ်တည်းဖြတ်ပေးရသည့်  ပြည်ထောင်စု လွှတ်တော် နှင့် သက်ဆိုင်ရာ ကော်မတီများ အနေဖြင့်လည်း ထိထိရောက်ရောက်ကြီးကြပ် တည်းဖြတ်ပေးရန် လိုအပ်ကြောင်း။

ရငွေနှင့်ပတ်သက်၍ ဘတ်ဂျက်အကောင်အထည်ဖော်ရာတွင်  ရငွေများလျာထား သည့်အတိုင်း ရရှိမှုမရှိခြင်း။ ရငွေများအမှန် ရရှိမှုစာရင်း တင်နိုင်မှု မရှိခြင်း၊ ပြည်ပချေးငွေအကူအညီရငွေများဖြင့် ဆောင်ရွက်သည့်စီမံကိန်းများတွင် Work Plan များနှင့် အညီ  အချိန်မီ မဆောင်ရွက်နိုင်ခြင်း စသည့် အားနည်း ချက်များကြောင့်ဟု သုံးသပ်ထားကြောင်း။

ယင်းအချက် ၃ ချက်ကတော့ အရအသုံးမှန်းခြေငွေစာရင်းအပေါ် ပြည်ထောင်စု ဗဟိုအဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများ၏ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းချက်တွေကြောင့်ဖြစ်၍ အားနည်းချက်များ ဖော်ထုတ်ပြုပြင်သင့် ကြောင်း။

အစီရင်ခံစာမှာ ဘတ်ဂျက်လိုငွေနှင့် GDP အချိုးနှိုင်းယှဉ်ချက် ၂၀၁၈ (၆လ)အတွက်လိုငွေနှင့်  GDP အချိုးသည် ၁ ဒသမ ၂၇ ရာခိုင်နှုန်းသာရှိသည့်အတွက် ယခင် ဘဏ္ဍာရေးနှစ်များနှင့်နှိုင်းယှဉ်လျှင် ကောင်းမွန်သောရလဒ်တစ်ခုဖြစ်ကြောင်း၊ သို့သော်ွီ GDP ကိန်းဂဏန်းများ မှန်ကန်ရန်လိုကြောင်း၊ GDP ကိန်းဂဏန်းများ မှန်ကန်မှသာ GDP အပေါ်အခြေခံပြီး တွက်ချက်ရသည့် စီးပွားရေး ဆိုင်ရာ အညွှန်းကိန်းများလည်း မှန်ကန်ပြီး တိုင်းပြည်၏ စီးပွားရေးအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ် နိုင်မှာ ဖြစ်ကြောင်း၊

ထို့ကြောင့်  GDPတွက်ချက်ရာတွင် အခြေခံ တွက်ချက်သည့် ကိန်းဂဏန်းများ အရည်အသွေးပြည့်မီရန်လိုအပ်သလို တွက် ချက်မှု များမှာလည်း ဖောင်းပွမှုမရှိစေရေးအထူး ဂရုပြုသင့်ကြောင်း၊ ပြည်တွင်းပြည်ပကြွေးမြီ များနှင့် ပတ်သက်၍လည်း ပြည်တွင်းကြွေးမြီတွင် ငွေကြေးဖောင်းပွမှုကို အကျိုးသက်ရောက်စေတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြွေးမြီပါဝင်မှု အချိုး အစားမှာ ယခင်ဘဏ္ဍာ ရေးနှစ်များထက် လျော့နည်း ကျဆင်းလာသော်လည်း ၆၄ ဒသမ ၂ ရာခိုင်နှုန်း ပါဝင် နေသည့် အတွက် ပြည်တွင်းချေးငွေ စာချုပ် ဈေးကွက်ဖွံ့ဖြိုးရေးနှင့် ကာလရှည်အစိုးရ ငွေတိုက် စာချုပ်များအပေါ် ရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင် စားမှု ပိုမိုမြင့်မား လာစေရန် ဗဟိုဘဏ် အနေဖြင့်  အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း။

ပြည်တွင်းပြည်ပ ကြွေးမြီစုစုပေါင်းနှင့်  GDP အချိုးမှာ ၃၇ ဒသမ ၇ ရာခိုင်နှုန်း ရှိနေကြောင်း၊ ပြည်ပကြွေးမြီနှင့် GDP အချိုး မှာ ၁၄ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ပြည်တွင်း ကြွေးမြီနှင့်  GDP အချိုးမှာ ၂၃ ဒသမ ၆ရာခိုင်နှုန်းဖြစ်နေကြောင်း၊ ဒီနေရာမှာသတိ ပြုရမှာက ပြည်ပကြွေးမြီမှ အတိုးနှုန်း သုညဒသမ ၀၁ ရာခိုင်နှုန်း မှ ၁ ဒသမ ၅ ရာခိုင်နှုန်း အတွင်းသာရှိပြီး ပြည်တွင်း ကြွေးမြီမှအတိုးနှုန်း ၈ ရာခိုင်နှုန်း အထက်မှာရှိနေသည့်အတွက် ကြွေးမြီအပေါ် ကုန်ကျသည့်စရိတ် အသက်သာဆုံးဖြစ်စေရန် ပြည်တွင် ပြည်ပ ကြွေးမြီအချိုးအစားကို ချင့်ချိန်တွက်ချက် ဆောင်ရွက်သင့်ကြောင်း။

နိဂုံးချုပ်အနေဖြင့် ထိရောက်ကောင်းမွန်သည့် အရ/အသုံးမှန်းခြေငွေစာရင်းဖြစ်စေရန် ရငွေများနှင့် အသုံးစရိတ်များကို အနီး စပ်ဆုံးခန့်မှန်းတွက်ချက်တင်ပြရန် လိုအပ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပြည့်ပြည့်၀၀ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ အညွှန်းကိန်း များမှန်ကန်စေရန်အတွက်  GDP တန်ဖိုးများ မှန်ကန်စေ ရေးဂရုတစိုက်ဆောင်ရွက်ရန်လိုကြောင်း နှင့် ပြည်တွင်း/ပြည်ပချေးငွေများကိုလည်း စနစ် တကျစီမံ ခန့်ခွဲရန် လိုကြောင်း   အကြံပြု ဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုးက ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်းအကောင်အထည်ဖော်မှု    မူလခန့်မှန်းခြေနှင့် စက်တင်ဘာလ အပြီးသတ်စာရင်းများအရ ဘတ်ဂျက်လိုငွေနှင့်  GDP အချိုးမှာ မူလ  ခန့်မှန်း ခြေထက် ၄ ဒသမ ၈၈ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရမည်ဖြစ်ကြောင်း၊  နှစ်တစ်နှစ်အတွက် ဘတ်ဂျက်

လိုငွေခန့်မှန်းလျာထားရာမှာ အပြီးသတ် အမှန်လိုငွေနှင့် များစွာကွာဟမှုမရှိစေဘဲ အနီးစပ်ဆုံးစိစစ်လျာထားရန် လိုအပ် ကြောင်း၊ ရငွေများ အကောင်အထည်ဖော်မှုတွင် နိုင်ငံတော်မှ ရသင့်သည့်ငွေများ ပြည့်စုံစွာထည့်သွင်းလျာထားမှုမရှိခြင်း၊  အမှန် ရငွေနှင့်  အနီးစပ်ဆုံးခန့်မှန်းလျာထားမှုမရှိခြင်း ၊ ပြည်ပချေးငွေအကူအညီရငွေဖြင့် ဆောင်ရွက်သည့်စီမံကိန်းများအား   Work Plan နှင့်အညီ အချိန်မီ မဆောင်ရွက်နိုင်၍ ချေးငွေအပြည့်အ၀သုံးစွဲနိုင်ခြင်း မရှိသည်ကိုတွေ့ရကြောင်း၊  သုံးငွေများ အကောင် အထည်ဖော်မှုတွင်လည်းလုပ်ငန်းများ အချိန် နှင့်တစ်ပြေးညီ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်   ဆောင်ရွက် နိုင်မှု မရှိခြင်း၊ ပိုလျှံငွေများစွာ ပြန်လည် အပ်နှံရခြင်းများကြောင့်   အမှန်တကယ် သုံးသင့်သုံး ထိုက်သောနေရာ တွင် မသုံးလိုက်ရခြင်းများ တွေ့ရှိရကြောင်း၊ ထိရောက်ကောင်းမွန်သည့် အရအသုံးခန့်မှန်းခြေစာရင်း  ဖြစ်စေရန် ရေးဆွဲစဉ်နှင့်   အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ဗဟိုအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အဖွဲ့အစည်းတို့ အကြား  ထိရောက်သည့် ကြီးကြပ်ကွပ်ကဲမှု၊ ပေါင်းစပ်ညှိနှိုင်းမှုရှိရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ပြည်ပချေးငွေ အကူအညီရငွေများဖြင့် ဆောင်ရွက်သော စီမံကိန်းများအနက် မနလေးမြို့တော် စည်ပင်သာယာရေးကော် မတီအနေဖြင့်  မနလေးမြို့ပြ ၀န်ဆောင်မှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် ယူရို ၄၀ သန်းအား ချေးငွေ စာချုပ်ချုပ်ဆိုပြီးသည့် တစ်နှစ်နဲ့ခုနစ်လကျော်ကာလအထိ တင်ဒါခေါ်ယူနေဆဲဖြစ်ပြီး ချေးငွေလုံးဝ ထုတ်ယူ သုံးစွဲမှု မရှိသေးကြောင်း တွေ့ရှိရကြောင်း။ အလားတူ YCDC အနေဖြင့် အရှေ့တောင်အာရှ သဘာဝ ဘေးအနရာယ် ကြောင့် ဆုံးရှုံး နိုင်ခြေ စီမံခန့်ခွဲမှု စီမံကိန်းအတွက် (Special Draw Right - SDR ) ၇၀ ဒသမ ၇၅ သန်းအား ချေးငွေ စာချုပ်ချုပ် ဆိုသည့်နေ့မှ ၁၁ လ ကျော်ကာလအထိ ချေးငွေ လုံးဝထုတ်ယူ သုံးစွဲမှု မရှိသေးကြောင်း၊ ချေးငွေ ထုတ်ပေးသည့် အဖွဲ့များ၏  Guide Line နှင့်အညီ အချိန်အတိုင်းအတာ တစ်ခု ကြာမြင့်ခြင်းများကို ရှောင်ရှားနိုင်စေရန် ကြိုတင်ပြင်ဆင် မှုများနှင့် ချေးငွေရပြီးပါက စီမံကိန်း လုပ်ငန်းများ သတ်မှတ် ကာလအတွင်း ပြီးမြောက်စေရေး ကြီးကြပ်ကွပ်ကဲမှု လိုအပ် နေကြောင်း။

၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်  ဓာတ်အားလိုင်း စီမံကိန်းအတွက် တင်သွင်းလာသောပစ္စည်းများအား ဆိပ်ကမ်းတွင် (၆လကျော်မှ ၁၆လကျော်အထိ) ကြာပြီးမှသာ ပစည်းများ ရွေးယူနိုင်ခဲ့သည့် ကိစနှင့် စပ်လျဉ်း၍ ဆိပ်ကမ်းသို့ အမေရိကန် ဒေါ်လာ ၄၂ သန်းကျော်တန်ဖိုးရှိ ပစည်းများရောက်ရှိ နေသည်ကို သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီး မသိဘဲနေမည် မဟုတ်ကြောင်း၊ ၀ယ်ယူ ရေးစာချုပ်တွေအရ ဘတ်ဂျက်ခွင့်ပြုငွေ တောင်းခံမှုကို   သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း ၀င်ဆံ့နိုင် ရေး သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း။ ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းစဉ်များကိုလည်း   ယခုထက်ပိုမို အဆင်ပြေအောင်  ဖြေလျော့သင့်သည့်လုပ်ငန်းစဉ်များကိုလည်း ဖြေလျော့ပေးနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော် က သက်ဆိုင်ရာ ကော်မတီ ၀င်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများမပြတ်တွေ့ဆုံဆွေးနွေးပြီး မိမိတို့အိမ်နီးချင်းနိုင်ငံများကဲ့သို့ ပို့ကုန် သွင်းကုန် လုပ်ငန်းစဉ်များလွယ်ကူစေရေး၊ Custom Process နှင့် ဆိပ်ကမ်း ရှင်းလင်း ရေး  ကြာချိန် လျှော့ချနိုင်ရေး၊ မှားယွင်းစွာ တင်သွင်း လာသောကုန်ပစ်္စည်းများ ပြန်ပို့သည့် လုပ်ငန်းစဉ်များ လွယ်ကူစေရေး ဆောင်ရွက် နိုင်ရန်တိုက်တွန်း အပ်ကြောင်း၊ အခြား အလားတူ ၀န်ကြီးဌာနများ၊ နိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမဆိပ်ကမ်းမှ အချိန်မီရွေး ယူနိုင်မှု မရှိသဖြင့်  ကြန့်ကြာခနှင့် ဒဏ်ကြေးများ မလိုအပ်ဘဲ ပေးချေရမှုများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည့် အတွက် ဖြစ်ကြောင်း၊ မြန်မာ့ရေနံထွက်ပစည်း ရောင်းဝယ်ရေးလုပ်ငန်း စက်သုံးဆီရောင်းချ ခွင့်လိုင်စင်မရှိသောအရောင်းဆိုင်များအား ကြီးကြပ်ကွပ်ကဲမှုနှင့်ပတ်သက်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက်နှင့် ပတ်သက်ပြီး တင်ပြလိုကြောင်း၊  ဌာနမှ ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေအရ ၀န်ကြီးဌာန၏ ၂၇-၂- ၂၀၁၉ ရက်စွဲပါစာဖြင့် ပေးပို့ထားသော်လည်း သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်ဆပ်ကော်မတီများမှ  ၂၅-၆ -၂၀၁၉ ရက် (၄ လနီးပါးကြာသည် အထိ) ပြန်ကြားမှုမရှိသေးကြောင်း၊ ယခု ကဲ့သို့ဖြစ်စဉ်များသည် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့ဝင်များနှင့် ဆပ်ကော်မတီများ အကြား အချင်းချင်းအရေးယူလိုက်ပါ ဆောင်ရွက်မှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ထောက်ပံ့အသုံးစရိတ်ဖြင့်   ပညာသင်ဆု  (ဘွဲ့ကြို နှင့် ဘွဲ့လွန်ကြေး ချီးမြှင့်ခြင်း )အသုံး၊  စရိတ်အား ၁၄ ဒသမ ၉ ဘီလီယံကျပ် လျာထားခဲ့ပြီး အမှန်သုံးငွေမှာ ၄ ဒသမ ၉ ဘီလီယံကျပ်ဖြစ်၍ ပိုလျှံငွေ ၁၀ ဘီလီယံ ကျပ်အား    ပြန်လည်အပ်နှံခဲ့ရတာကို တွေ့ရကြောင်း၊  ဘာကြောင့်လဲဆိုတော့ Foundation Course ရွေးချယ်မည့် ပထမ နှစ်သင်တန်းသား ၁၄၀ ဦးလျာထား ခဲ့သော်လည်း နိုင်ငံတော် ပညာသင်ဆု ချီးမြှင့်ရေး စီမံချက်(မူကြမ်း)ကို ၀န်ကြီးဌာနမှ အတည် မပြုပေးနိုင်တဲ့အတွက် သင်တန်းသား မရွေးချယ်နိုင်ခြင်း ကြောင့်ဖြစ် ကြောင်း၊  ပြည်ထောင်စု လွှတ်တော်က ဘတ်ဂျက်အတည်ပြု ပေးထားသော်လည်း  စွမ်းရည်အပြည့်အသုံး မပြုနိုင်တဲ့ သဘောဖြစ်ကြောင်း၊  အစိုးရ သစ်တာဝန်ယူသည့် ၂၀၁၆ -၂၀၁၇၊ ၂၀၁၇-၂၀၁၈၊၂၀၁၈ခုနှစ် ဧပြီလမှ စက်တင် ဘာလ အထိ ခြောက်လနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တို့မှာရန်ပုံငွေခွင့်ပြုချက် ရရှိထားသော်လည်း နိုင်ငံတော် သမတ ပညာသင်ဆုချီးမြှင့် ရေးစီမံချက်(မူကြမ်း)မှာ  ဆောင်ရွက်ဆဲ အဆင့်သာဖြစ်ပြီး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊ ဆွေးနွေး ညှိနှိုင်းခြင်း ၊ စီမံချက်ပြု စုခြင်းများကို  သုံးနှစ်ကျော်ခန့် အချိန်ဖြုန်း ဆောင်ရွက်နေတဲ့အတွက် သမတ ပညာသင် ဆုအနေဖြင့် ရွေးချယ်ချီးမြှင့် စေလွှတ် နိုင် ခဲ့ခြင်းမရှိကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များ အတွက် ပြည်ပတကသိုလ်များမှ ပညာသင် ယူခွင့် အခွင့်အရေး သုံးနှစ် ခွဲခန့် ဆုံးရှုံးခဲ့ရသလို နိုင်ငံတော်အတွက်လည်း များစွာနစ်နာရကြောင်း၊ ပြန်လည်စိစစ်ဖို့လိုနေကြောင်း၊ ၎င်းအပြင် သမတ ပညာ သင်ဆု ဖြစ်သည့်အတွက်  ၀န်ကြီးဌာန၏ အားနည်းသော စီမံခန့်ခွဲမှုသည် ယခုနိုင်ငံတော် သမတ၏ ပုံရိပ်ကိုပါ ထိခိုက်မှု မရှိ အောင် ဆောင်ရွက် ရမှာဖြစ်ကြောင်း၊  ထို့ကြောင့်  နိုင်ငံတော် သမတပညာသင်ဆု ရွေးချယ်ရေး စီမံချက်ကို ရိုးရှင်း လွယ်ကူ သော လုပ်ငန်းစဉ်၊ သတ်မှတ် ချက်၊ ရွေးချယ်မှုများကို ၀န်ကြီးဌာန Off icial Website Media များ၊  နိုင်ငံပိုင် သတင်းစာ များမှ တစ်ဆင့် အမြန်ဆုံး ဆောင်ရွက်သွား နိုင်ရန် တိုက်တွန်းအကြံပြုအပ်ကြောင်း။  

နိဂုံးချုပ်အနေဖြင့် နိုင်ငံပိုင်ကဏ္ဍ၊ ဌာန အဖွဲ့အစည်းများ၏  လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ပြည်သူ လူထုအတွက်  အမှန်တကယ် အကျိုးဖြစ်ထွန်းမှုရှိနိုင်စေရန် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ဘဏ္ဍာရေးနှစ်   ပြောင်းလဲသတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်စေ ရန်လုပ်သင့်လုပ်ထိုက်တာများကို အချိန်ကိုအကျိုးရှိရှိအသုံးချပြီး နိုင်ငံ့အကျိုးကြည့်ကာ အရေးကြီးသည့် အရာများအား ကြီးကြပ် ကွပ်ကဲမှုကောင်းစွာဖြင့် ဦးစားပေးဆောင်ရွက် နိုင်ရန် တိုက်တွန်းအကြံပြု ဆွေးနွေးသည်။

ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို  ဇန်န၀ါရီ ၂၉ ရက်တွင် ဆက် လက် ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်လှိုင်ဝင်း(မြ၀တီ)

Read 97 times Last modified on Wednesday, 29 January 2020 08:47