SJ WorldNews - шаблон joomla Авто

ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ)ကျင်းပ

Wednesday, 29 January 2020 09:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇန်န၀ါရီ   ၂၈

၂၀၂၀ ပြည့်နှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)အခမ်းအနားကို ယနေ့ နံနက် ၁၀  နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)   ကျင်းပရာ  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ စတော့ဟုမ်း  ကမာ့ငြိမ်းချမ်းရေး ဆုရှင် အပြည်ပြည်ဆိုင်ရာဗုဒဘာသာပညာရေး စင်တာ (IBEC)  ဆရာတော် ဒေါက်တာ ဘဒသောဘိတနှင့်ဆရာတော်၊ သံဃာတော်များ   ကြွရောက်တော်မူကြပြီး ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြ သည့် ဦးမင်းသူ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးစိုးဝင်း၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေးနှင့် ဒေါက်တာ ၀င်းမြတ်အေး၊ နေပြည်တော် ကောင်စီ ဥကဋ္ဌ ဒေါက်တာ မျိုးအောင်၊   လွှတ်တော်ရေးရာကော်မတီ ဥကဋ္ဌများ၊ ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများ၊ အမျိုးသား ပညာရေး မူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်း တမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီနှင့် ပါမောကချုပ်များ ကော်မတီတို့မှ   ဥကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောကချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာ ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန် ရှိသူများ၊  စာတမ်းရှင်များ၊  ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ကျောင်းသား အသင်းအဖွဲ့နှင့် ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင်  နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အမှာစကားပြောကြားသည်။

ထို့နောက်   နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် ပြည်ထောင်စု ၀န်ကြီးများ၊ နေပြည်တော်ကောင်စီ ဥကဋ္ဌ၊ တာဝန်ရှိသူများ၊ အမျိုးသား ပညာရေး မူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်း တမ်းကော်မတီ၊ အမျိုးသား ပညာရေး အဆင့်အတန်းနှင့်အရည် အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီနှင့် ပါမောကချုပ်များ ကော်မတီတို့မှ   ဥကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊ စာတမ်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ  ကိုယ်စားလှယ် များနှင့် စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်၊  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက်္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဓာတုဗေဒဘာသာရပ်ပြခန်းနှင့် Home Economic ပြခန်း၊ အခြေခံပညာ ဦးစီး ဌာန ICT ပြခန်းနှင့် ပညာရေးအတွက်  ၃၆၀ EDပြခန်း၊ နေပြည်တော် ပညာရေးမှူးရုံးသင်ရိုးသစ် သင်ထောက်ကူ ပစည်းပြခန်း၊    အဆင့်မြင့် ပညာဦးစီးဌာန ရန်ကုန်ပညာရေး တကသိုလ် သစ်လွင်လှပ ဆန်းသစ် ပညာသုတေ သနပြခန်း၊  မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနပြခန်း၊ လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်ပြခန်း၊  ကျန်းမာ ရေးနှင့် အားကစား ၀န်ကြီးဌာန ဦးစားပေး လုပ်ငန်းစဉ်(၇)ရပ်နှင့် ဆေးလိပ်ဆေးရွက်ကြီး အနရာယ် ပြခန်း၊  မနလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး သိပ္ပံနှင့် Recycle Art ပြခန်း တို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

Read 100 times Last modified on Wednesday, 29 January 2020 09:18