SJ WorldNews - шаблон joomla Авто

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Tuesday, 18 February 2020 10:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီ နာယကအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်  သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ဒုတိယ၀န်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ““နာမောတဿ”” သုံးကြိမ် ရွက်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။
အစည်းအဝေးတွင် ဒုတိယသမ်္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၂၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၂၀ ဖြင့် ““နာယကအဖွဲ့””ကို ဒုတိယသမ္မတ ဦးဆောင်၍ ငါးဦးဖြင့်လည်းကောင်း၊ ““ဦးစီးကော်မတီ””ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ၂၀ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို စနစ်တကျ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ တစ်ခုနှင့် ဆပ်ကော်မတီ၁၁ ခုတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း။
““ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး””ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက် ၁၇ ချက် ချမှတ်ခဲ့ရာ အဆိုပါ ဆုံးဖြတ်ချက်များကိုလည်း သက်ဆိုင်ရာ ဆပ်ကော်မတီ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ ““ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနား””ကို နှစ်ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ““ပထမပိုင်း””အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို လည်းကောင်း၊ ““ဒုတိယပိုင်း””အနေဖြင့်၂၀၂၀ ပြည့်နှစ် မတ် ၈ ရက် (တပေါင်းလပြည့်နေ့)တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို လည်းကောင်း နေပြည်တော် ဥပ္ပါတသန်္တိစေတီတော် ပရိဝုဏ်အတွင်းရှိ  သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဝင်များ အနေဖြင့် နှစ်စဉ်ကျင်းပခဲ့သည့် အတွေ့အကြုံများ အပေါ် အခြေခံပြီး ချမှတ်ထားသော လုပ်ငန်းတာဝန်များကို လစ်ဟာမှုမရှိအောင် ၀ိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြား လိုကြောင်း။
““သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနား””သည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစဉ်အလာကြီးမားခဲ့ကာ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်    ကျင်းပခဲ့သည့် အမြင့်ဆုံး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ထောက်ပံ့သော အခမ်းအနားကြီးဖြစ်ကြောင်း။
ကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့်““ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ””ကျင်းပရာတွင် လည်းကောင်း၊ အခြားသော လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း အဘက်ဘက်မှ လစ်ဟင်းမှု မရှိအောင်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေးအတွက် စနစ်တကျစီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်ရမည့်အပြင် ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများကိုလည်း မပျက်မကွက် ပြုလုပ်သွားရမည်ဖြစ်ကြောင်း။
““ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ    နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနား””များ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးက အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဦးစီးကော်မတီ၊   လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက်  ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အတွက် အခက်အခဲများနှင့် လိုအပ်သော အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ  ကျင်းပရေး ဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးကြည်မင်းက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့် အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းတို့က ဘွဲ့တံဆိပ် ဆက်ကပ်မည့် ဆရာတော်ကြီးများအား ဖိတ်ကြားရေးနှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ““ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု””သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
Read 217 times Last modified on Tuesday, 18 February 2020 10:47