SJ WorldNews - шаблон joomla Авто

စတုတ္ထ အကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာ နည်းပညာပြပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Wednesday, 19 February 2020 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

စတုတအကြိမ်မြောက်  e-Government ညီလာခံနှင့် ကွန်ပျူတာနည်း ပညာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉  နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II) ၌ကျင်းပရာ e-Government ဦးဆောင်  ကော်မတီ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်  ဒေါ်အောင်ဆန်း စုကြည်  တက်ရောက်အမှာစကား ပြောကြား သည်။

အခမ်းအနားသို့  e-Government ဦးဆောင် ကော်မတီ ဥကဋ္ဌ ဒုတိယသမတ ဦးမြင့်ဆွေ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥကဋ္ဌ ဦးလှသိန်း၊ e-Government ဦးဆောင် ကော်မတီ  ဒုတိယ ဥကဋ္ဌများဖြစ်ကြသည့်  ပြည်ထောင်စု ၀န်ကြီး ဦးမင်းသူနှင့် ဦးသန့်စင်မောင်၊   ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စု စာရင်း စစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥကဋ္ဌ ၊ နေပြည်တော် ကောင်စီ ဥကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥကဋ္ဌ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥကဋ္ဌ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ရေးရာ ကော်မတီ ဥကဋ္ဌ များ၊ ဒုတိယ၀န်ကြီးများ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊   ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ ပြည်ထောင်စု သမတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ် တို့မှ နာယကများ၊ ဥကဋ္ဌ များ၊ ဒုတိယ ဥကဋ္ဌများ၊ အလုပ် အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ နည်းပညာ ကုမဏီများမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စတုတအကြိမ်မြောက် e-Government ညီလာခံနှင့်  ကွန်ပျူတာ နည်းပညာပြပွဲ အခမ်းအနားကို e-Government ဦးဆောင် ကော်မတီ ဒုတိယ ဥကဋ္ဌ များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နာယက  ဦးသိန်းဦး၊  ဥကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ Huawei Technologies (ရန်ကုန်) ကုမဏီ လီမိတက် အမှုဆောင် အရာရှိချုပ် Mr. Ding Zhao Yi Myan Tel Holdings ဥကဋ္ဌ ဒေါက်တာ ကျော်ထူးလင်းနှင့် Oracle Corporation အကြီးတန်း ဒုတိယ ဥက  Mr. Chung Heng Han တို့က ဥစနည ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးကြသည်။

ထို့နောက်  Augmented Reality ကွန်ပျူတာ နည်းပညာဖြင့် ဖန်တီးပုံဖော်ထားသော  ကနောင်မင်းသား၏ ပုံရိပ်များကို လက်ရှိ အပြင် က္ဘာနှင့် ရောယှက်ကာ ပုံဖော် ထားသည့် နည်းပညာကိုပြသသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယသမ်္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ၀န်ကြီး  ဦးမင်းသူနှင့်  ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နာယက ဦးသိန်းဦးနှင့် ဥက်္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ Augmented Reality ကွန်ပျူတာနည်း ပညာဖြင့် ပုံဖော်ထားသည့် ကနောင်မင်းသား ပုံရိပ်နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် e-Government ဦးဆောင် ကော်မတီနာယက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်၊ ဒုတိယ သမ်္မတနှင့် ဧည့်သည်တော်များသည် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယကများ၊ ဥကဋ္ဌ ၊ ဒုတိယ ဥကဋ္ဌ များ၊ အလုပ်အမှုဆောင်များနှင့်လည်းကောင်း၊ ပြည်ထောင်စု သမတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ချုပ်တို့မှ ဥကဋ္ဌ များ၊ တာဝန်ရှိသူ များနှင့် လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်၊ ဒုတိယ သမတ နှင့်ဧည့်သည်တော်များအား မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ဧည့်ခန်းမ၌ မြန်မာနိုင်ငံ ကွန်ပျူ တာအသင်းချုပ် ဥကဋ္ဌ ဦးမင်းဇေယျာလှိုင်က မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ဒုတိယ ဥကဋ္ဌ ဒေါက်တာ ထွန်းသူရ သက်က စတုတ်္ထ စက်မှုတော်လှန်ရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော်နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်၊ ဒုတိယ သမတနှင့် ဧည့်သည်တော်များသည် ၀န်ကြီးဌာနများ၊ အသင်းချုပ်များ နှင့် နည်းပညာ ကုမဏီများမှ ခင်းကျင်းပြသ ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်း အစီအစဉ်များကို ဆက်လက်ကျင်းပရာ e-Government ဦးဆောင်ကော်မတီ ဒုတိယ ဥကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က e-Government ဦးဆောင်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက် နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥကဋ္ဌ ဦးမင်းဇေယျာလှိုင်က ကွန်ပျူတာ အသင်းချုပ်၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့်ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့အကြား ““နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာအရ တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက် ရေး””နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဥကဋ္ဌ ဦးမင်းဇေယျာ လှိုင်နှင့် ပြည်ထောင်စု သမတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဥကဋ္ဌ ဦးဇော်မင်းဝင်း တို့ကလည်း ကောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့အကြား ““နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် နည်းပညာအရ တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်ရေး””နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံ ကွန် ပျူတာ အသင်းချုပ် ဥကဋ္ဌ ဦးမင်းဇေယျာလှိုင် နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဥကဋ္ဌ ဦးအောင်မြင့်တို့က လည်းကောင်း လက်မှတ် ရေးထိုးကြသည်။

ထို့နောက် ပညာရှင်များက ““ဒစ်ဂျစ်တယ် အစိုးရသို့””ခေါင်းစဉ် စကားဝိုင်းကို လည်းကောင်း၊ ““မြန်မာ စတုတ္ထ စက်မှု တော်လှန် ရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော်””ခေါင်းစဉ်ကို လည်းကောင်း ဆွေးနွေးကြသည်။ e-Government ဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

Read 202 times Last modified on Wednesday, 19 February 2020 08:34