SJ WorldNews - шаблон joomla Авто

ရေဝင်ရောက်ခဲ့သည့် ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

Thursday, 15 August 2019 08:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၄

ရန်ကုန်တိုင်းဒေသကြီး အတွင်း သြဂုတ်၁၂ ရက်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ခရမ်းမြို့နယ်၊ ကျွဲတလင်းကျေးရွာ အုပ်စု၊ ညောင်ပင်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ ရေများဝင်ရောက်ခဲ့သည်။

ယခုအခါ အဆိုပါကျောင်း၌ ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သဖြင့် သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ သန်လျင်တပ်နယ်မှ တပ်မတော်သားများက ကျောင်းအတွင်းရှိ ရေဝင်ရောက်စဉ် တင်ကျန်ခဲ့သော နုန်းများ၊ ရွှံ့ဗွက်များဖယ်ရှား ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ပေးခြင်းတို့အား စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 37 times Last modified on Thursday, 15 August 2019 08:41