SJ WorldNews - шаблон joomla Авто

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်

Thursday, 12 September 2019 09:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁၉)ရပ်ကွက်၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ ဆရာ၊ ဆရာမ ၄၇ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၂၃၃ ဦးတို့ကို အရေပြားရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများနှင့်  Ultrasound ရိုက်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ  ခြောက်ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး  စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် တောင်ငူတပ်နယ်မှ တပ်မတော် သားများက ကျောင်းဝင်းအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ပေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုများ၊ ပညာရေး ဝန်ထမ်းများအား တပ်မတော်သားမိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသားငါးများ၊ အသီးအရွက်များ၊ ကြက်ဥနှင့် တပ်မတော်စက်ရုံများမှ ထွက်ရှိသည့် စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထား များဖြင့် ရောင်းချ ပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ များအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။

အလားတူ အုတ်တွင်းမြို့နယ်၊ ရွှေလောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၃၆၉ ဦး၊ ဒေသခံပြည်သူ ၆၅ ဦးတို့ကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အမှတ်()ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၇၈ ဦးကိုလည်းကောင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့များက အဆိုပါကျောင်းများ၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 3 times Last modified on Thursday, 12 September 2019 09:40