SJ WorldNews - шаблон joomla Авто

လှည်းကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာရှိ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျန်းမာရေး စစ်ဆေး ကုသခြင်းများ ဆောင်ရွက်

Thursday, 12 September 2019 09:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်၊ ငွေနံ့သာစံပြကျေးရွာ၊ မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်း များ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ၀န်ထမ်း၁၃၂ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၅၃၂ ဦး တို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး Ultrasound ရိုက်ပေးခြင်း စသည့်ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ‌ပေးသည်။

ယင်းသို့    ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။ ထို့နောက် မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်း ကျောင်းများ၏ ဦးစီး ပဓာန နာယက သာသနဓဇ ဓမာစရိယ ဓမဒူတဆရာတော် ဘဒပညာဝရ အမှူးပြုသော သံဃာတော်များ အား သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက် ဖွယ်ရာများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။                

Read 6 times Last modified on Thursday, 12 September 2019 10:00