SJ WorldNews - шаблон joomla Авто

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

Tuesday, 30 June 2020 22:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် -၃၀

COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ဥတ္တရသီရိမြို့နယ်၊ ကလေးရောဂါအထူးကုဆေးရုံတို့၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် မိုးမိတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် သိန်းနီမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးနှင့် အောင်ပန်းမြို့ ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၊ မိုင်းဖြတ်မြို့၊ မိုင်းယောင်းမြို့၊ တာလေမြို့နှင့် မိုင်းတုံမြို့များရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊  အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီး၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြိတ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဖျာပုံမြို့နှင့် အိမ်မဲမြို့များရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့၊ အမျိုးသမီး သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ ချင်းပြည်နယ်၊ မတူပီမြို့၊ ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ပြည်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌လည်းကောင်း တန်ဖိုးသင့်ထမင်း၊ ဟင်းနှင့်ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အထောက်အကူဖြစ်စေရန် အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော်သားများက စားသောက်ကုန် ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်းများကို ရောင်းချပေးခဲ့သည်။

 

ထိုသို့ရောင်းချရာတွင် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများ၊ တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် တောင်သူများထံမှ ဝယ်ယူခဲ့သော ရာသီသီးနှံများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 17 times Last modified on Tuesday, 30 June 2020 22:12