မောင်တောမြို့နယ်၊ ပန်းတောပြင်(အနောက်ရွာ)၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၊ ဇူလိုင် - ၂၇ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်(အနောက်ရွာ)နေ ရှော်မာန်ဟာ (ဘ) ခေါ်လီရာမာန်၏ နေအိမ်အား ဇူလိုင် ၂၆ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ ဗီရိုအံဆွဲအတွင်း ထည့်ထားသည့် WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၇၅ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂၂၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ပြင်ဖြူနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။