အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ကိစ္စနှင့် ပတ်သက်၍ Video Conference ဖြင့်ပြုလုပ်

နေပြည်တော် သြဂုတ် ၂၄

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ရေး ကိစ္စနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် Video Conference ဖြင့်ပြုလုပ်ကြသည်။

အဆိုပါ   Video  Conference သို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး CTFMR ပူးတွဲဥက္ကဋ္ဌနှစ်ဦးဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး   Mr. Ola Almgren  ၊  မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက် ကိုယ်စားလှယ်  Ms. June Kunugi  နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ၂ဝဝ၃ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ နှစ်စဉ် အစီရင်ခံစာ၌ ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံးပြုခြင်း စာရင်းတွင် ထည့်သွင်းထားရှိခဲ့သည့် မြန်မာ့တပ်မတော်အား ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် အဆိုပါစာရင်းမှ ပယ်ဖျက်ပေးခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာ့တပ်မတော်နှင့်  CTFMR တို့ကြား ပူးပေါင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။