ရေနီမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ရှမ်းပိုင်း)၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၂၆

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ဘုန်းတော်ကြီးကျောင်းများ ပတ်ဝန်းကျင်သန့်ရှင်း သာယာမှုရှိစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေး တို့အတွက် ယနေ့တွင်  ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(ရှမ်းပိုင်း)တို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်မှ တပ်မတော်သား များက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများနေရာချထားပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။