ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုက်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၁၀

 

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့လုပ်ဆောင်လျက်ရှိရာ မေလ ၉ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အား လည်းကောင်း၊ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက် ရပ်ကွက်ရှိ ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၌ လည်းကောင်း၊ ည ၇ နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရစ်ယာန် ရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံးအား လည်းကောင်း၊ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်၊ ဘုရင့်နောင်(၆)လမ်းရှိ “အင်းကြင်းမြိုင်ဆည်းဆာ” စားသောက်ဆိုင် ခြံစည်းရိုး အနီးအား လည်းကောင်း၊ ည ၇ နာရီခွဲအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား လည်းကောင်း၊ ည ၈ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ မင်္ဂလာကျောင်း နှင့် အမှတ်(၁)အခြေခံအပညာအထက်တန်းကျောင်းအားလည်းကောင်း၊ ည ၁၀ နာရီခွဲအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ဆုပန်ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သံသုမာလမ်းထောင့်ရှိ ယာဉ်ထိန်းနာနေဆောင်အား လည်းကောင်း၊ ည ၁၂ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ မြောက်ပိုင်းရပ်ကွက်နေ ဦးလှဝင်း(၆၂)နှစ် (ဘ)ဦးကျော်မြ၏ နေအိမ်အား လည်းကောင်း၊ မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ် အချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ပုလဲလမ်း၊ မြို့နယ်စည်ပင်ရုံး အနီးအား လည်းကောင်း၊ နံနက် ၃ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြောက်စည်းနယ်မြေရဲစခန်းအား လည်းကောင်း၊ နံနက် ၄ နာရီခွဲအချိန်တွင် ရေဦးမြို့၊ အောင်ဆန်း တိုးချဲ့ရပ်ကွက်၊ လမ်းသွယ်လမ်းနေ ဦးစိုးတင့်အောင် (၆၄)နှစ် (ဘ)ဦးအောင်ဝ၏ နေအိမ်အနောက် ဘက်ခြံစည်းရိုးအနီးအားလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပင်လုံလမ်းမနှင့် ဦးဝိစာရလမ်းကြားရှိ ယာဉ်ထိန်းမီးအချက်ပြ ရုံအတွင်းအားလည်းကောင်း၊ ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ မန္တလေးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးအားလည်းကောင်း၊ အကြမ်းဖက်သမားများက လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများ၊ လက်လုပ် သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ အဆောက်အဦများအနည်းငယ်ထိမှန် ပျက်စီးခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပေါက်ကွဲမှုဖြစ်စဉ်တွင် အပြစ်မဲ့ပြည်သူ ၄ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည်။

မေ ၉ ရက် ည ၁၀ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်လေးကျေးရွာနေ ဦးရွှေဘ(၅၁)နှစ် နေအိမ်ခြံဝင်းအတွင်း၌ လည်းကောင်း၊ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်ရှိ မိုးကောင်းဘုရား အရှေ့ဘက် “သော်တာစန်းလက်” ထမင်းဆိုင်ရှေ့၌လည်းကောင်း၊ နံနက် ၈ နာရီခွဲခန့်တွင် လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်ရှိ ကန္ဒရဝတီလမ်းမကြီးရှိ တောင်ကွဲစေတီ၏ မုခ်ဦးတံခါးမကြီး အနီး ၌လည်းကောင်း အကြမ်းဖက်သူများထောင်ထားသည့် လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများအား တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်သိမ်း ဆည်းခဲ့သည်။

 

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။