မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၀

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေလ ၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ပင်ပွားအော်ကျေးရွာနေ ရဲစက်အောင်(ခ)သံပူလ (၃၀)နှစ် (ဘ)ဦးစံရွှေ၏ နေအိမ်မှ  တူမီးသေနတ် ၁ လက်အား လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝိန်းကျောင်းရပ်ကွက်နေ မဝင်းဝင်းနွယ်(၃၇)နှစ် (ဘ)ဦးချန်ဖုပိုင်ဆိုင် သည့် “ချစ်ကြိုးသွယ်” ပစ္စည်းအရောင်းဆိုင်အတွင်းမှ  ၎င်းအား ဗြောက်အိုး၊ မီးရှူး၊ မီးပန်းများမျိုးစုံ ၄၁ မျိုးနှင့် လည်းကောင်း၊ နေ့လယ် ၁၂ နာရီအချိန်တွင် မယ်ခေါင်ရပ်ကွက်နေ မနန်းကျန်ရှဲန် (၄၄)နှစ် (ဘ)ဦးနန်ဆိုင်၏ “သင်္ဃန်းပရိက္ခရာ”ဆိုင်အတွင်းမှ ၎င်းအား ဗြောက်အိုး၊ မီးရှူး/မီးပန်း မျိုးစုံ ၁၂ မျိုး နှင့်လည်းကောင်း၊ နေ့လယ် ၁ နာရီအချိန်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်နေ စိုင်းခမ်းနွံ(၃၅)နှစ် (ဘ)ဦးအောင်မြင့် ၏ “သင်္ဃန်းပရိက္ခရာ”ဆိုင်အတွင်းမှ ၎င်းအား ဗြောက်အိုး၊ မီးရှူး/မီးပန်းများမျိုးစုံ ၁၂ မျိုးနှင့်လည်းကောင်း ၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကောင်းရွေးကျေးရွာရှိ နေအိမ် ၁ လုံးအတွင်းမှ  PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၆ လုံး၊ ယမ်းမှုန့် ၁ ဘူး၊ ပေ ၂၀ ခန့်ရှိ နီနက်ရောင် ဝါယာကြိုးခွေ ၂ ခွေ၊ ကန့်အခဲ ၁ ထုပ်၊ ယမ်းစိမ်း မှုန့် ၁ ထုပ်၊ မျက်နှာဖုံးခေါင်းစွပ် ၁ ခု၊ စကားပြောစက်အားသွင်းခုံ ၄ ခုံနှင့် အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ မွန်းလွဲ ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ “ရွှေမန်းတောင်”ဂေါက်ကွင်းအနီး၌ သေနတ် ၁ လက် အား လည်ကောင်း၊ ညနေ ၄ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကိုးသောင်းရှမ်းစု ရပ်ကွက်နေ သက်အောင် (ခ)ရှမ်းလေး (ခ)သန့်ဇင်အောင်(၂၇)နှစ် (ဘ)ဦးတင်အောင်နိုင်၏ နေအိမ် အနောက်ဘက်ချုံအတွင်းမှ အရှည် ၁ ပေခွဲခန့်ရှိ ယမ်းကြိုး ၁၀၀ ချောင်း၊ဘတ္ထရီခြောက် ၅ လုံး၊ ဖိုက်ဘာဦးထုပ်မျိုးစုံ  ၅၇ လုံး၊ မီးရှူးမီးပန်း ၃ ခု၊ လက်အိတ် ၃ ခု၊ ရောင်ပြန်အင်္ကျီ ၂ ထည်နှင့် နိုင်ငံတော်ဆန့်ကျင်ရေးစာသားများပါ ဆိုင်းဘုတ် ၇ ခုနှင့် အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ညနေ ၅ နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့၊ တောင်မြို့ ရပ်ကွက်နေ စောနေဇာထူး(၂၃)နှစ် (ဘ)ဦးစောလွင်ထူး၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ဖြိုးကိုကို (၂၃)နှစ် (ဘ)ဦးဌေးအောင်တို့ ၂ ဦးအား နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြု သည့် ပစ္စည်းများနှင့်လည်းကောင်း၊ ည ၈ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)နေ Chades Michael (ခ)မိုက်ကယ် (၂၇)နှစ် (ဘ)ဦးသန်းလင်း၏ နေအိမ်၌ ၎င်းအား ရေနံဆီထည့်ထားသော RUM တံဆိပ်ပါပုလင်း ၂ လုံး၊ ဖိုက်ဘာဦးထုပ် ၂ လုံး၊ ဟန်းစပီကာ ၁ လုံး၊ ဖန်ဂေါ်လီ ၃၀ လုံး၊ ကုန်းသီး ၇ လုံး၊ ခက်ရင်းခွ ၂ ချောင်း၊ ဓား ၁ ချောင်းတို့နှင့်လည်းကောင်း၊ ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ အနီး၌  လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်နေ အောင်ကိုကို (၃၇)နှစ် (ဘ)ဦးခင်လင်း မောင်းနှင်လာသော Toyota Dyna ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ယာဉ်မောင်းဘေး ထိုင်ခုံပေါ်မှ အလျား ၃၈ လက်မခန့်ရှိ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ပွိုင့် ၂၂ ကျည် ၄၀ တောင့်၊ သေနတ်ချေးချွတ်ဆေးဘူး ၁ ဘူး၊ စစ်စိမ်းရောင်ပြောက်ကျား စွယ်တာအင်္ကျီ ၁ ထည်၊ စွပ်ကျယ် ၁ ထည်၊ ခါးပတ် ၁ ချောင်း၊ လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ည ၉ နာရီခွဲအချိန်တွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာ တိုက်(၄)၊ (၅)လွှာရှိ တိုက်ခန်း အတွင်းမှ ညီညီအောင်(၂၁)နှစ် (ဘ)ဦးမင်းဇော်ပါ အမျိုးသား ၇ ဦးနှင့်အတူ M 67 စာတမ်းပါ အမျိုးအစား(စိစစ်ဆဲ) ဗုံး ၁ လုံး၊ ဖန်ဂေါလီ ၂၀ လုံး၊ သံဘောစေ့ ၅၀ လုံး၊ မျက်နှာဖုံး ၁ ခု၊ ဖုန်းမျိုးစုံ ၇ လုံး၊ ဒူးကာ/တံတောင်ကာ ၁ စုံ၊ စက်ဘီး ၃ စီး၊ လက်ပ်တော့ ၁ လုံးတို့အား လည်းကောင်း၊ မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြာအင်း ကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာနေ ရဲလေး(ခ)ဇော်ထိုက် (၄၈)နှစ်(ဘ)ဦးလွင်အောင်၏ ရာဘာခြံအတွင်းမှ ရဲလေး(ခ)ကျောက်တိုက်ပါ အမျိုးသား ၂ ဦးတို့အား ပွိုင့် 22 သေနတ် ၁ လက်၊ ၎င်းကျည် ၁၁၈ တောင့်၊ လေသေနတ် ၁ လက်၊ အရှည် ၄ လက်မခွဲ အချင်း ၂ လက်မခန့်ရှိ‌ ကော်ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၃၅ လုံး၊ အရှည် ၂ လက်မ အချင်း ၂ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၅၅ လုံး၊ Win Wheel စာတမ်းပါ တစ်ထုပ်လျှင် သံဘောစေ့ ၁၄၅ လုံးပါ အထုပ် ၄ ထုပ်၊ သံဘောစေ့ ၁၀၀ လုံးပါ အထုပ် ၁ ထုပ်၊ ဗျောက်အိုး ၁၀ လုံးပါ အထုပ် ၁ ထုပ်၊ လေးခွ ၂ လက်၊ ဂျင်ကလိ ၂၄ ချောင်း၊ ကျောက်မီးသွေး ၂ ပိဿာခန့်၊ ယမ်းမှုန့် ၄၀ ကျပ်သားခန့်၊ လက်လုပ်မိုင်းများပြုလုပ်ရန်အတွက် ပိုင်းဖြတ်ထားသော ကော်ပိုက် အပိုင်း ၅၀ ခု၊ သံပိုက်အပိုင်း ၁၄ ခု၊ ပိုက်ခေါင်းမျိုးစုံ ၉၇ ခု၊ ၁ လက်မ ခန့်ရှိ သံချောင်းဖြတ်စ ၁ ပိဿာခွဲ၊ မူလီဆိုဒ်စုံ ၆၅ ခု၊ ခဲသီး ၂ ပိဿာခန့်၊ ဆိုင်ကယ်ချိန်းကြိုး ဖြတ်တောက် ထားသည့် အဆစ် ၇၀ ခု၊ ဓာတ်မြေဩဇာ ၂၀ ကျပ်သား၊ ဓာတ်ခဲ ၄ လုံး၊ ယမ်းကြိုး ၃၀ ချောင်း၊ အဝါရောင် Cutter ၁ ခု၊ သတ္တုဖျူ့စ် ၁၅ ခု၊ အနီရောင်နှင့်အနက်ရောင် နှစ်ပင်လိမ်မီးကြိုးခွေ ၂ ခွေ၊ သံပိုက်နှင့် ကော်ပိုင်များအား ပြုပြင်ရန် ဖောက်စက်၊ ဖြတ်စက်များ၊ ကော်ဘူးများနှင့် အခြား ဆက်စပ် ပစ္စည်းများနှင့်လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၂) လမ်းရှိတိုက်အမှတ်(၃၄၄/A)(ပ)ထပ်နေအိမ်အခန်းအတွင်းမှ  လက်ပစ်ဗုံး ၁ လုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသော စနက်တံပါ လက်လုပ်ဗုံး ၃ လုံး၊ ရွှေရောင် စတီးလက်လုပ်ဗုံး ၃ လုံး၊ ပိုတက်ဆီယမ် ၁ အိတ်၊ ကော်မျက်နှာဖုံး ၂၈ ခုနှင့် အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သည်။

 

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။