ညောင်တုန်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အရွဲအုပ်စု၊ ရန်ကုန်-ပုသိမ်ကား လမ်း မိုင်တိုင်အမှတ်(၁၈)ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် မေ ၉ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်မြို့ဘက်မှ ညောင်တုန်းမြို့ဘက်သို့ ဝင်းမိုးကျော်(ဘ) ဦးမိုးကျော် မောင်းနှင်ပြီး မျိုးဇော်ထက်(ဘ)ဦးသိန်းဇော် လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မျိုးဇော်ထက် ဝတ်ဆင်ထားသည့် အင်္ကျီအိပ်ကပ် အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၈ ပြားနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

 

ထို့ပြင် မေ ၉ ရက် ညနေ ၅ နာရီခန့်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ညဈေးတန်းလမ်းနေ သန်းဇော်(ဘ)ဦးသိန်းဝင်း ၏နေအိမ်အား လုံခြုံရေးပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်စစ်ဆေးရာ သန်းဇော် အား WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ ပြား၊ ဆေးခြောက် ၄ ဂရမ်ခန့်နှင့် လည်းကောင်း၊   အဆိုပါရပ်ကွက်နေ လွင်မိုးဦး(ဘ) ဦးညွန့်ဝင်း ၏ နေအိမ်အား စစ်ဆေးရာ လွင်မိုးဦး နှင့် ဇော်ခန့်(ခ) ဇော်ခန့်လင်း (ဘ)ဦးအောင်မြင့်ထွန်း တို့အား WY စာတမ်းပါ စိတ်ကြွရူး သွပ်ဆေးပြား ၁၀ ပြားနှင့် လည်းကောင်း (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၅ သိန်း) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်း များ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။