စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၇
    
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရာသီဥတုဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန် အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်ခြင်းကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြံ့ကန်ကျေးရွာနှင့် မင်းဘူးမြို့နယ်၊ မယ်ဘေ့ကုန်း ကျေးရွာတို့၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး တောင်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အမယ် ၄ မျိုးကို ထောက်ပံ့ပေးအပ်သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မလှိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ သဗ္ဗသုခ ဘုန်းတော်ကြီးကျောင်း၌ မိတ္ထီလာတပ်နယ်မှ ဗိုလ်ချုပ် စိုးအောင်က အဆိုပါကျေးရွာရှိ တောင်သူ ၂၇၈ ဦးအတွက် ဆန် ၄၂ အိတ်၊ ဆီ ၇၈ ပိဿာ၊ ဆား ၆၈ ပိဿာ၊ ပဲ ၁၁၇ ပိဿာကို လည်းကောင်း၊ ချောက်မြို့နယ်၊ ကြံ့ကန် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောက်ပန်းတောင်း တပ်နယ်မှ ဗိုလ်မှူးချုပ် ကျော်ကျော်က အဆိုပါကျေးရွာရှိ တောင်သူ ၈၄၃ ဦးအတွက် ဆန် ၁၃၄ အိတ်၊ ဆီ ၂၃၄ ပိဿာ၊ ဆား ၂၀၀ ပိဿာ၊ ပဲ ၃၆၀ ပိဿာကိုလည်းကောင်း၊ မင်းဘူးမြို့နယ်၊ မယ်ဘေ့ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက အဆိုပါကျေးရွာရှိ တောင်သူ ၁၄၅၄ ဦးအတွက် ဆန် ၂၃၁ အိတ်၊ ဆီ ၄၀၇ ပိဿာ၊ ဆား ၃၅၆ ပိဿာ၊ ပဲ ၆၁၀ ပိဿာတို့ကိုလည်းကောင်း အသီးသီးပေးအပ် လှူဒါန်းရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။