ယနေ့ဓာတ်ခွဲ အဖြေများတွင် ပိုးတွေ့လူနာ ၉၀ ဦးထပ်တိုး၊ နေ့စဉ်ပိုးတွေ့သူ ဦးရေ ကြောက်မက်ဖွယ် မြင့်တက် လာနေ

နေပြည်တော်  သြဂုတ်  ၂၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ယနေ့နံနက် ၈ နာရီ၊ ည ၈ နာရီနှင့် ည ၁၁ နာရီတို့တွင် COVID-19  ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန် ချက်များအရ  ယနေ့ ဓာတ်ခွဲ အဖြေများ၌  COVID-19  ရောဂါပိုးတွေ့လူနာသစ်  ၉ဝ  ဦး ထပ်မံတွေ့ရှိသဖြင့်   စံချိန်တင်တွေ့ရှိမှုဖြစ်ပြီး စုစုပေါင်းပိုးတွေ့လူနာ   ၇၃၃  ဦး အထိ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၂၈-၈- ၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၃၂ ခု၊  ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၅  ခု၊  ပြည်သူ့ကျန်း မာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၄၈ ခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁ဝ၆ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ  ခြောက်ခုနှင့် ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ လေးခုတို့တွင် COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၃ ဦး တွေ့ရှိခဲ့သည်။

(၂၈-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ပထမ+ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၂ဝ၂ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၂၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၄၄၆ ခု၊  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၃၃၆ ခု၊  ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲ နမူနာ ၁ဝ၆ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊  ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာခြောက်ခု၊ ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ရှစ်ခုနှင့် ရန်ကုန်မြို့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၉၄ခု စုစုပေါင်း ၂၅၃၅ ခုအား စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

(၂၉-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL) မှ ပထမ အသုတ်ဓာတ်ခွဲနမူနာ ၅၆ဝ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ပထမအသုတ် ၁၉၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၁ဝ ခု၊  ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၇၂ ခု၊ ပြည်သူ့ ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲ နမူနာ ၁ဝဝ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၄ ခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး  ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော် ဆေးရုံကြီး  ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ  ၂ဝ၁ခုအား ယနေ့ညနေတွင် စစ်ဆေး ပြီးစီးခဲ့ရာ  COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်  ၇၇ ဦး တွေ့ရှိရသည်။

(၂၉-၈-၂ဝ၂ဝ) ရက် ည ၁၁ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၇၃၃ ဦးရှိပြီဖြစ် သည်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (Old Confirmed Case)များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက် တိုက် ပိုးမတွေ့ရှိသူ အသစ်နှစ်ဦး (Case-380နှင့် 381) ရှိသဖြင့် ယနေ့အထိ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၃၅၁ ဦးရှိသည်။  ၎င်းတို့အနက် ၃၄၇ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက်  သေဆုံးသူခြောက်ဦးရှိသည်။

(၂၈-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၂၉-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာအသစ် ၅၃ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက   သတင်းထုတ်ပြန်ထားသည်။