COVID-19 ရောဂါကာလ အလုပ်သွားအလုပ်ပြန်သတိပြု ဆင်ခြင်စရာများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂ဝ၂ဝ ပြည့်နှစ် မတ် ၁၁ ရက်ကစပြီး COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ် လိုက်တယ်။ မြန်မာနိုင်ငံမှာ  မတ် ၂၃ ရက်မှာ COVID-19 ရောဂါပိုးတွေ့လူနာ နှစ်ဦး စတင်တွေ့ရှိ လာရာမှ COVID-19 ရောဂါရဲ့ နှိပ်စက်မှုကိုခံကြရပြီး  သြဂုတ် ၂၈ ရက်အထိ ပိုးတွေ့လူနာ ၆၄၃ ဦး၊    ပျောက်ကင်း ၃၄၉ ဦး၊ သေဆုံး လူနာ ခြောက်ဦးရှိခဲ့ပြီဖြစ်တယ်။

သြဂုတ် ၂၉ ရက်သတင်းများအရ ကမ္ဘာတစ်ဝန်း တွင် COVID-19 ရောဂါကူးစက်ခံရသူ ၂၄၆၈၁ဝ၄၈  ဦး၊ သေဆုံးသူ ၈၃၆၇၄၄ ဦးနှင့်  ပြန်လည်ကျန်းမာ လာသူ ၁၇၁၃၈၈၉၄ ဦးဖြစ်ပါတယ်။ လူ့ဘဝမှာသက်တမ်းစေ့ နေထိုင်နိုင်ရေး၊ ရောဂါ ဘယကင်းစင်ရေး၊  စားဝတ်နေရေးဖူလုံပြည့်စုံရေး တို့ဟာ   လူသားတစ်ယောက်အတွက်   အလိုအပ် ဆုံးဆန္ဒတွေပဲဖြစ်တယ်။ လူသားတို့သက်တမ်းစေ့ နေထိုင်ရေးအတွက် အာဟာရပြည့်ဝဖို့လိုအပ်ပါ တယ်။  COVID-19 ရောဂါဆိုတဲ့    အခက်အခဲ အကျပ်အတည်းကြားကာလမှာ အာဟာရပြည့်ဝ ဖို့၊  စားဝတ်နေရေး ပြေလည်ဖို့၊ အလုပ်အကိုင် တည်မြဲဖို့အရေးကြီးလာတယ်။ တစ်နေ့စာတစ်နေ့ ဖြေရှင်းကြရတဲ့  တစ်နေ့လုပ်တစ်နေ့စားသမားတွေရှိ ကြတော့ ဝမ်းရေးအတွက်  အိမ်ထဲမှာ မနေနိုင်ဘဲ အလုပ်သွားကြရပါတယ်။

အချို့အစိုးရဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်းတွေ၊ အချို့ပုဂ္ဂလိကလုပ်ငန်းတွေ၊ အချို့ကပွဲစား၊ ကုန်သည် တွေ၊ အချို့ကရပ်ကွက်ထဲမှာဖိနပ်ပါးအောင်လျှောက် ရင်း ဈေးရောင်းကြရတဲ့လမ်းလျှောက်ဈေးသည် တွေဖြစ်တယ်။ ရုံးခန်း၊ အလုပ်ရုံ၊ စက်ရုံစတဲ့အလုပ် ခွင်အကြောင်းတင်ပြချင်တာဖြစ်တယ်။

အလုပ်ခွင်ထဲရောက်တာနဲ့လက်ကိုရေ၊ ဆပ်ပြာနဲ့ စက္ကန့် ၂ဝ ကျော်ကြာဆေးကြောခြင်း

အလုပ်ခွင်ကို ရောက်ပြီ ဆိုရင် လက်ကို ရေ၊ ဆပ်ပြာ နဲ့စက္ကန့် ၂ဝ ကျော်ကြာ ပွတ်တိုက်ဆေးကြောဖို့ လိုပါတယ်။ အနိမ့်ဆုံး အရက်ပြန် ၆ဝ ရာခိုင်နှုန်း ပါတဲ့လက်ဆေးရည်  Hand Gel နဲ့  ဆေးပေးဖို့ လိုပါတယ်။

ကိုယ်နဲ့အတူပါလာတဲ့ပစ္စည်းများကို ပိုးသန့်စင်  စေခြင်း

ရုံးခန်းထဲကိုယ်နဲ့အတူပါလာတဲ့ပစ္စည်းများကို  အရက်ပြန်သုတ်ထားတဲ့ ဝါဂွမ်းနဲ့ပွတ်တိုက်ပေးဖို့ လိုအပ်ပါတယ်။  ဥပမာ-လက်ကိုင်အိတ်၊ လက်ကိုင်ဖုန်း၊  တက်ဘလက်၊ လက်တော့၊ ကီးဘုတ်တို့ကို အရက်ပြန် သုတ်ထားတဲ့ ဝါဂွမ်းနဲ့ သုတ်သင့်တယ်။

ကိုယ်ထိုင်မယ့်နေရာကို ပိုးသန့်စင်ခြင်း

ကိုယ်ထိုင်ရမယ့်နေရာကို ဂရုတစိုက်ပိုးသတ်ပေးဖို့ လိုအပ်တယ်။ စားပွဲပေါ်က ကော်ဖီခွက်၊ သောက်ရေသန့် သီးသန့်ထားဖို့လိုပါတယ်။ မိတ်ဆွေတွေနဲ့ကော်ဖီတစ် ခွက်တည်း၊ သောက်ရေသန့်တစ်ဘူးတည်းသောက် တာရှောင်ကြဉ်သင့်ပါတယ်။

ပိုးသတ်ပြီးတိုင်းလက်ကိုပြန်သန့်ရှင်းရေး

ပစ္စည်းတစ်ခုကိုပိုးသတ်ပြီးတိုင်း၊  သန့်စင်ပြီးတိုင်း မိမိလက်ကိုဆပ်ပြာ၊ ရေတို့နဲ့စက္ကန့် ၂ဝ ကြာသေချာ ပွတ်တိုက်ဆေးကြောဖို့လိုအပ်ပါတယ်။ ကိုယ့်မျက်နှာ ကိုလက်နဲ့မကြာခဏကိုင်တာမျိုးမဖြစ်ဖို့ ဂရုပြုသင့်ပါ တယ်။ Hand Gel ဆောင်သင့်တယ်။

စကားနီးကပ်စွာပြောခြင်း

နီးကပ်စွာစကားပြောခြင်းအပြုအမူကို ရှောင်ကြဉ် သင့်ပါတယ်။ အရင်ကာလက တစ်ဦးနဲ့တစ်ဦးစကား ကျယ်ကျယ်ပြော၊ ရယ်မောနိုင်ပေမယ့် COVID-19  ရောဂါကာလမှာရှောင်ကြဉ်သင့်ပါသည်။ 

အချို့စားသောက်ဆိုင်တွေမှာ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းမဆိုင်မိအောင် မှန်တစ်ချပ်ခြားထားပါ တယ်။ ဆိုလိုတာက လေမှတစ်ဆင့်ကူးစက်မှုလျော့ကျ စေရေးစီမံဆောင်ရွက်တာဖြစ်တယ်။ စကားပြောတဲ့ အလေ့ အကျင့် ဖျောက်သင့်ပါတယ်။  ဖက်လဲတကင်း နှုတ်ဆက်ပြီး  မပြီးနိုင်မစီးနိုင်အချိန်ကုန်ခံပြီး ဖုန်းက တစ်ဆင့် ပြောနိုင်တယ်။

လက်ဆွဲနှုတ်ဆက်ခြင်း

လက်ဆွဲနှုတ်ဆက်ခြင်းအပြုအမူကို ရှောင်ကြဉ် သင့်ပါတယ်။ လုပ်ငန်းခွင်မှာတစ်ဦးနဲ့တစ်ဦးယဉ်ကျေးမှု အရ လက်ဆွဲနှုတ် ဆက်တာမျိုးရှောင်ကြဉ်သင့်တယ်။ လက်ဆွဲနှုတ်ဆက်မယ့်အစား ပြုံးပြပြီးနှုတ်ဆက် သင့်ပါ တယ်။     တံတောင်ဆစ်ချင်းတိုက်ပြီး   နှုတ်ဆက်နိုင်တယ်။   လက်သီးချင်းထိပြီး နှုတ်ဆက် နိုင်ပါတယ်။ 

နှာခေါင်းစည်းတွေကိုယ်စီတပ်ခြင်း

အလုပ်ကိုရောက်ပြီဆိုရင် နှာခေါင်းစည်းကို ချွတ်ပစ်တာမျိုးမလုပ်သင့်ပါဘူး။ နှာခေါင်းစည်းကို စနစ်တကျတပ် ဆင် ထားဖို့လိုအပ်ပါတယ်။ အသုံးပြု ပြီးတဲ့နှာခေါင်းစည်းကို စနစ်တကျစွန့်ပစ်ဖို့ဂရုပြုသင့်ပါတယ်။ 

စင်ကာပူလို   စက်မှုဖွံ့ဖြိုးပြီးနိုင်ငံမှာ  ကိုယ့်နှာခေါင်းစည်းကို ဆပ်ပြာရည်မှာစိမ်ထားပြီး ရေနဲ့ လျှော်ဖွပ်နေလှန်း ကာ တစ်ယောက်အတွက် ပြန်သုံး တာမျိုးပြုလုပ်သင့်တယ်။ နှာခေါင်းစည်းဝယ်စရိတ် သက်သာပြီး ပတ်ဝန်းကျင်မှာ နှာခေါင်းစည်းအမှိုက် တွေရှင်းပြီးဖြစ်သွားတယ်။

မျက်နှာကာနှင့် လက်အိတ်ခေါင်းစွပ်ဝတ်ခြင်း

တကယ့် COVID-19ရောဂါဖြစ်ပွားနေတဲ့ဒေသမှာ နှာခေါင်းကိုသာမက မျက်နှာကာ (Face Shield) များတပ်ထား သင့်ပါတယ်။ အမျိုးသမီးဆံပင်ချထားရင် ခေါင်းစွပ်များ ဆောင်ထားသင့်ပါတယ်။ တစ်ခါသုံးစွဲ ပြီးပြန်သုံးလို့ရနိုင်ပါ တယ်။ တစ်ဦးစီရဲ့ပစ္စည်းဖြစ်သင့် ပါတယ်။

နေထိုင်မကောင်းဖြစ်နေရင် ခွင့်ယူကာကုသမှု ခံယူခြင်း

နှာစေးခြင်း၊ ချောင်းဆိုးခြင်းစတဲ့အအေးမိတုပ်ကွေးဖြစ်နေရင် တစ်ရှူးစနဲ့အုပ်ပြီး ချောင်းဆိုး၊ နှာစေး၊ နှာချေကာ သုံးပြီး တစ်ရှူးကို ပလတ်စတစ်နဲ့သေချာ ထုပ်ပြီး အမှိုက်ပုံးထဲ ထည့်သင့်တယ်။ လူမြင်ကွင်းမှာ မပစ်သင့်ဘူး။

အများသုံးဘတ်စကား၊ မီးရထားသုံးခြင်း

အများသုံးဘတ်စကား၊ ဖယ်ရီကား၊ ရထားစီးနိုင်ပါ တယ်။  ကိုယ်ထိုင်မယ့်နေရာကို  အရက်ပြန်စွတ်ထား တဲ့ဂွမ်းနဲ့သုတ်ပြီးမှ ထိုင်သင့်တယ်။ မလိုအပ်ဘဲ လက်ရန်းများကိုင်ခြင်း၊ မှီခြင်း၊ လဲှအိပ်ခြင်းမျိုးကို ယခုကာလမှာ ရှောင်ကြဉ်သင့်တယ်။ ဘတ်စကား၊ မီးရထားတွေမှာ နှစ်ခုံတွဲတစ်ယောက်နှုန်းစီစဉ်ထား သင့်သလို အလွယ်တကူ သန့်စင် နိုင်တဲ့ ံညေိ ွနူ ထားပေးသင့်တယ်။ စိတ်မသန့်ရင် အလွယ်တကူသန့် စင်နိုင်လို့ အကျိုးရှိပါတယ်။

အလုပ်ကနေအိမ်ပြန်ခြင်း

အလုပ်ကနေအိမ်ပြန်တဲ့အခါမှာလည်း မီးရထား၊ ကား၊ ဖယ်ရီတို့စီးရာမှာ တစ်ခုံတစ်ယောက်ထိုင်တဲ့ စနစ်နဲ့ လူချောင်ချောင် သွားလာနိုင်တဲ့ယာဉ်မျိုးသာ စီစဉ်ထားသင့်ပါတယ်။ အိပ်ရေးဝဝအိပ်သင့်ပါတယ်။  အိမ်အပြင် ထွက်တာနဲ့ ရောဂါကာကွယ်တဲ့နှာခေါင်း စည်း၊ မျက်နှာကာ၊ လက်အိတ်၊ ခေါင်းဆောင်းများ၊  တတ်နိုင်ရင် ဏဏန ဝတ်စုံဝတ်ဆင်ဖို့လိုရင်ဝတ်ဆင်သင့် ပါတယ်။

ဥပမာ-ကျန်းမာရေးဝန်ထမ်း သို့မဟုတ် လူပေါင်းစုံကို ကုသပေးရမယ့်ဝန်ထမ်းဖြစ်နေရင် PPE ဝတ်စုံ၊  နှာခေါင်း စည်း၊ မျက်နှာကာ (Face Shield) များ၊  လက်အိတ်များ ဝတ်ဆင်ရမှာပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိ လက်ရှိဖြစ်ပွား နေတဲ့ COVID-19 ရောဂါအတွက် ကာကွယ်ဆေး၊ ကုသဆေးရှာဖွေ နေဆဲဖြစ်ပါတယ်။ အချိန် ကာလ ဘယ်လောက်ကြာ မှပြီးစီးမယ်လို့   မခန့်မှန်း နိုင်သေးပါဘူး။ 

ထို့ကြောင့် မိမိထံရောဂါ မကူးစက်ခင် ကြိုတင် ကာကွယ်ခြင်းသည် အကောင်းဆုံးသော ကုသဆေးပင်ဖြစ် ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။  ။

ဒေါက်တာ လွင်သန့်