အသင်း၏ အကောင်းဆုံး ပုံစံမရသေးကြောင်း လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်း နည်းပြချုပ် ဝန်ခံ

ရန်ကုန်၊ ဘောလုံး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ခွင့်ပြုချက်ဖြင့် ပရိသတ်မပါဘဲ ပြန်လည်ကျင်းပနေသည့် မြန်မာ နေရှင် နယ်လိဂ်  လက်ကျန်ပွဲစဉ်များတွင်   လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် နှစ်ပွဲဆက်  အနိုင် ရထား သော်လည်း အသင်း၏  အကောင်းဆုံးပုံစံ မရသေးကြောင်း အဆိုပါ အသင်းနည်းပြချုပ် ဦးအောင်နိုင်၏ ပြောကြားချက်အရ သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၁ဝ) တွင်  ဆောက်သမ်းမြန်မာ အသင်းကို ၁ ဂိုး- ဂိုးမရှိ၊ ပွဲစဉ်  (၁၁) တွင် ရခိုင်ယူနိုက်တက် အသင်းကို ၁  ဂိုး-ဂိုးမရှိတို့ဖြင့် နှစ်ပွဲဆက်တိုက် အနိုင်ရရှိ ခဲ့သည်။

'' COVID-19 ရောဂါအခြေအနေ ကြောင့် အသင်းက ငါးလလောက် နားထားရတယ်။ ၁ဝ ရက်ကျော်နဲ့ ပြန်ပြင် ဆင်ရတော့  အကောင်းဆုံးပုံစံမရသေးဘူး။ ဒါကြောင့်  အသင်းမှာ    လိုအပ်ချက်တွေ ရှိနေသေးတယ်။ နောက်ပွဲ တွေမှာ ဒီလိုအပ်ချက်တွေ ကို   အတတ်နိုင်ဆုံး ပြင်ဆင်သွားပါမယ်''  ဟု ဦးအောင်နိုင်က ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်  ပွဲစဉ် (၁၁) အပြီး တွင် ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၁၇ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၄) နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံးမှ ဟံသာ ဝတီယူနိုက်တက် အသင်းနှင့်    ခုနစ်မှတ်  ကွာဟလျက်ရှိသည်။

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာ နေရှင်နယ်လိဂ်ပွဲစဉ် (၁၂) အဖြစ် သြဂုတ် ၃၁ ရက်တွင်   သုဝဏ္ဏ အားကစား ကွင်း၌  စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ