WLC-12 တွင် ပြင်သစ်နိုင်ငံသူ ဆိုရိစ်မန်ဖရက်ဒီ ပထမဆုံးအမျိုးသမီးချန်ပီယံဖြစ်လာ ဒုတိယခေါင်ပွဲတွင် မြန်မာလက်ဝှေ့သမား စိုးမင်းအောင် နိုင်ပွဲရရှိ

ရန်ကုန်၊ လက်ဝှေ့

ထိုင်းနိုင်ငံ၌ သြဂုတ် ၂၈ ရက်က ကျင်းပ  သည့် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ    WLC-12၏ အမျိုးသမီး ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲတွင်   ပြင်သစ်နိုင်ငံသူ ဆိုရိစ် မန်ဖရက်ဒီက စပိန် နိုင်ငံသူ မိုင်ရှာကတ်ဇ်ကို အနိုင်ယူပြီး WLC  ၏ ပထမဆုံး အမျိုးသမီး ချန်ပီယံဖြစ်လာခဲ့သည်။

ယင်းပြိုင်ပွဲ၏ အဓိကတွဲဆိုင်းဖြစ်သည့် အမျိုးသမီး ဘင်တန်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲတွင်  ဆိုရိစ်သည်  မိုင်ရှာ ကတ်ဇ်ကို လက်သီးချက်၊ ခြေကန်ချက်များဖြင့် အသာ စီးယှဉ်ပြိုင်နိုင်ခဲ့ပြီး စတုတ္ထအချီအပြီးတွင် မိုင်ရှာ ကတ်ဇ်သည်  ဒဏ်ရာများကြောင့် ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း    မရှိသည့် အတွက် ဆိုရိစ်အနိုင်ရကာ WLC အမျိုး သမီး ဘင်တန်ဝိတ်တန်း၏ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ရယူနိုင်ခဲ့သည်။

ယင်းပွဲစဉ်သည်   ွျှူဃ ပြိုင်ပွဲသမိုင်း တစ်လျှောက်  ပထမဆုံးအကြိမ်  အမျိုး သမီး  ကမ္ဘာ့ချန်ပီယံလုပွဲကို   ထည့်သွင်း ကျင်းပခြင်းဖြစ်ပြီး ဆိုရိစ်သည် WLC  ၏ ပထမဆုံး  အမျိုးသမီး ချန်ပီယံဖြစ်လာခဲ့ သည်။

အဆိုပါပြိုင်ပွဲ၏  ဒုတိယခေါင်ပွဲအဖြစ် မြန်မာလက်ဝှေ့သမား   စိုးမင်းအောင်နှင့် ဥဇဘက် ကစ္စတန်နိုင်ငံသား အာသာတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရာ ငါးချီအတွင်း အလဲထိုးယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် ဒိုင်များ၏  အမှတ်ပေး ဆုံးဖြတ်ချက်အရ စိုးမင်းအောင်က အနိုင်ရရှိခဲ့သည်။

တခြားတွဲဆိုင်းများတွင် ဂျာမနီနိုင်ငံသား တော့ဖ်ကက်ရှ်က ဆွစ်ဇာလန်နိုင်ငံသား ယာနော့ဗ်၊   အယ်လ်ဂျီး ရီးယား နိုင်ငံသား အန်နန်က မြန်မာလက်ဝှေ့သမား စောဖိုးခွား၊ ကာဂျစ္စတန်နိုင်ငံသား ကာဘူတော့က မြန်မာ လက်ဝှေ့သမား နာခါကို အသီးသီး အနိုင်ရရှိခဲ့သည်။

ယင်းပြိုင်ပွဲကို ပြည်တွင်း CANAL+ ရုပ်သံလိုင်းနှင့်  ပြည်ပရုပ်သံလိုင်း UFC Fight Pass ရုပ်သံလိုင်းတို့မှ  တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

ကိုရဲ