ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19  ရောဂါပိုးတွေ့ လူနာသစ် ၄၂ ဦးထပ်တိုး

နေပြည်တော်  သြဂုတ်  ၃ဝ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈နာရီနှင့် ည ၈နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ်   ၄၂ ဦးထပ်မံတွေ့ရှိသဖြင့်  စုစုပေါင်း ပိုးတွေ့လူနာ ၇၇၅ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၂၉-၈-၂ဝ၂ဝ)ရက်အတွက်  COVID-19ရောဂါ  ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၅၂၄ ခု၊  ဆေးသုတေသန ဦးစီး ဌာန (DMR) မှ ဒုတိယ အသုတ်ဓာတ်ခွဲနမူနာ ၅၂ ခုနှင့်  ပြည်သူ့ ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ  လေးခုတို့အား  ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၆ ဦး တွေ့ရှိရသည်။

(၂၉-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးမှုများအနေဖြင့်  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၁ဝ၈၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲ နမူနာ ၂၄၅ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၁ဝ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၇၂ ခု၊ ပြည်သူ့ ဆေးရုံကြီး  စစ်တွေမြို့မှ  ဓာတ်ခွဲနမူနာ ၁ဝဝ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၈ ခု၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲ နမူနာ ၁၁ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝမှ ဓာတ်ခွဲနမူနာ ၂ဝ၁ ခု စုစုပေါင်း ၂ဝ၅၄ ခုအား စစ်ဆေးခဲ့သည်။

(၃ဝ-၈-၂ဝ၂ဝ)ရက်အတွက် COVID-19ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၅၇ဝ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၄၁၉ ခုနှင့် ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၆၄ ခု စုစု ပေါင်း ၁၂၅၃ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆ ဦးတွေ့ရှိ ရသည်။

(၃ဝ-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၇၇၅ ဦးရှိပြီဖြစ် သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင်  နှစ်ကြိမ်ဆက် တိုက်ပိုး မတွေ့ရှိသူ အသစ်တစ်ဦး (Case-361) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင် လာသူစုစုပေါင်း  ၃၅၂ ဦးရှိသည်။ ၎င်းတို့အနက် ၃၄၇ ဦးအား ဆေးရုံမှ ဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူခြောက်ဦး ရှိသည်။

(၂၉-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂နာရီမှ (၃ဝ-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာ အသစ် ၅၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။