ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း   လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည်  သြဂုတ် ၃ ရက် ည ၈ နာရီခန့်တွင် ကျွန်းစုမြို့၏   အရှေ့တောင်ဘက်  ရေမိုင် ၄၀ ခန့်အကွာ၌ ဦးနောင်ခဲ (ဘ) ဦးသန်းရွှေ အပါအဝင် အမျိုးသား လေးဦးနှင့်အတူ  တရားမဝင် တောသစ်လုံးပိုင်းဆိုဒ်စုံ ၉ တန်ခန့် တင်ဆောင်ထားသည့်  သစ်ခိုးလှေတစ်စင်းကို လည်းကောင်း၊ ၎င်းနေရာအနီးတစ်ဝိုက်မှ တရားမဝင် တောသစ်လုံးပိုင်းဆိုဒ်စုံ ၇ တန်ခန့် တင်ဆောင်ထားသည့် လှေတစ်စင်းကိုလည်းကောင်း  အသီးသီး ဖမ်းဆီးရမိခဲ့သည်။

အဆိုပါလှေများ၊ သစ်များနှင့် ဖမ်းဆီးရမိသူများကို ကျွန်းစုမြို့ သစ်တောဦးစီးဌာနသို့  စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။