အိမ်ခြံမြေ အငှားဈေးကွက် အနည်းငယ် လှုပ်ခတ်လာသော်လည်း နိုင်ငံခြားသားအိမ်ခြံမြေအငှားဈေးကွက် ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်း

ရန်ကုန်၊ အိမ်ခြံမြေ

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အိမ်ခြံမြေ အငှားဈေးကွက် ကျဆင်းသွားပြီး ယခုအခါ အငှားဈေးကွက် အနည်းငယ် လှုပ်ခတ်သော်လည်း ပြည်တွင်းလေကြောင်းလိုင်းများ ပိတ်ထားသည့်အတွက် နိုင်ငံခြားသား အိမ်ခြံမြေအငှား ဈေးကွက် ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်းနေကြောင်း iMyanmar House.com  မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူ၏ ပြောကြားချက်အရ သိရသည်။

''ဈေးနှုန်းသက်သာတဲ့ အိမ်ခြံမြေတွေက အရောင်းအဝယ်မဖြစ်ပါဘူး။ အငှားဈေးကွက်က အရင်ထက်စာရင် ၅ဝ ရာခိုင်နှုန်းလောက် ပဲ ပြန်ဖြစ်နေတယ်။ ပြည်တွင်းလေကြောင်း လိုင်းတွေ  ပိတ်ထားတာဖြစ်တဲ့ အတွက် နိုင်ငံခြား သား အိမ်ခြံမြေအငှားဈေးကွက် က ကျဆင်းသွားတယ်ဟု ဦး နေမင်းသူကပြောသည်။

အိမ်ခြံမြေ အရောင်းအဝယ်သည်  COVID-19 ရောဂါဖြစ်ပွားသည့် အချိန်နှင့် နှိုင်းယှဉ်ပါက ၄ဝ ရာခိုင်နှုန်းခန့် တက် လာကြောင်း၊ လက်ရှိတွင် ဘဏ်အတိုးနှုန်းမှာ ၈ရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်းအထိ ကျသွားသည့်အတွက် တချို့သူ များသည် ဘဏ်၌ အပ်နှံထားသည့်ငွေကို ထုတ်ကာ အိမ်ခြံမြေဝယ်ယူမှုများ ရှိလာသည့်အတွက် ငွေကျပ် သိန်း ၁ဝဝဝ နှင့်အထက် ကွန်ဒိုများ ရောင်းချနေရကြောင်း သိရသည်။

COVID-19 ရောဂါ အခြေအနေကြောင့် အိမ်ခြံမြေ အရောင်းပြပွဲများ ပြုလုပ်ရန် မသင့်သည့် အချိန်တွင် အွန်လိုင်း အရောင်းပြပွဲများ လုပ်ဆောင်သော်လည်း ကွာခြားချက်အနေဖြင့် အွန်လိုင်းမှ တစ်ဆင့်ရောင်းချခြင်းမှာ  အရောင်း အဝယ် ကာလကြာမြင့်ကြောင်း သိရသည်။

ဆုလာဘ်