(၁၉)ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက်  ထီစာအုပ် ငွေကျပ် ၃ဝ၂၇၂ ဒသမ ၆၆ သန်းဖိုး ရောင်းချထား

ရန်ကုန်၊ အောင်ဘာလေထီ

စက်တင်ဘာ ၁ ရက်တွင်ကျင်းပမည့် (၁၉)ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ငွေကျပ် ၃ဝ၂၇၂ ဒသမ ၆၆ သန်းဖိုး ရောင်းချထားကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာန ခွဲမှ သိရသည်။

အဆိုပါရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၁၈၁၆၃ ဒသမ ၅၉၆ သန်းကို ဆုကြေးအဖြစ် ပြန်လည် ခွဲဝေပေး မည်ဖြစ်သည်။

''(၁၉)ကြိမ်မြောက်  အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ အက္ခရာ ၃၅ လုံးကနေ ၃၇ လုံးအထိ တိုးမြှင့်ထုတ်လုပ် ရောင်းချခဲ့ ပါတယ်''ဟု အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) ညွှန်ကြားရေးမှူး ဦးညီညီလွင်က ပြောသည်။

ထို့ပြင် ထီလက်မှတ်ဝယ်ယူသူများ ပို၍ ရွေးချယ်နိုင်ရန် ထီပေါက်ပြီး ထီဆုငွေများ ကို  သတ်မှတ်ကာလအတွင်း  လာရောက် ထုတ်ယူခြင်းမရှိသဖြင့်   ဘဏ္ဍာသိမ်းငွေ အဖြစ် ရရှိထားသော ငွေကျပ် သန်း ၂၅ဝကို ထပ်မံထည့်သွင်း ချီးမြှင့် မည်ဖြစ်သည်။

အဆိုပါ ငွေကျပ် သန်း ၂၅ဝကို ဝေဝေဆာဆာ ပဒေသာဆု မဲစနစ်မှ ငွေကျပ် သုံးသိန်း ၂ဝ ဆု၊ ငွေကျပ် နှစ်သိန်း ၂ဝဝ ဆု၊ ငွေကျပ် တစ်သိန်း ၂ဝဝဝ ဆုနှင့် ဆုတစ် ဆုချင်းစနစ်မှ ငွေကျပ် ၁ဝ သိန်းလေးဆုတို့ကို ထပ်မံ ထည့်သွင်း ချီးမြှင့် ပေးမည်ဖြစ်ကြောင်း သိရသည်။      

ကျော်ကို