နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် Rosoboronexport ကုမ္ပဏီ၊ ညွှန်ကြားရေးမှူးချုပ်တို့အား သီးခြားစီတွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် - ၂၁

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr.Nikolai Plato-novich Patrushev နှင့် ယနေ့နံနက်ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် လုံခြုံရေး ကောင်စီအတွင်းရေးမှူးရုံး၌ တွေ့ဆုံဆွေးနွေးသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး တို့ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား  ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ကဏ္ဍပေါင်းစုံတွင်ပူးပေါင်း ဆောင် ရွက်နိုင်မည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

 

တွေ့ဆုံပွဲ အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ဒေသစံတော်ချိန် နံနက် ၉ နာရီတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် Rosoboronexport ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် Mr.Alexander A.Mikheev နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများအား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် Rosoboronexport ကုမ္ပဏီညွှန်ကြားရေးမှူးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။