အင်ဒိုနီးရှားအစိုးရက ဆေးရုံကြီးများကို ကိုဗစ်-၁၉ ရောဂါကုသရေးဆေးရုံများ အဖြစ်ပြောင်းလဲ

အင်ဒိုနီးရှားအစိုးရသည် နိုင်ငံအတွင်းကူးစက်ပျံ့နှံ့လျက်ရှိသော ဒယ်တာဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူဦးရေ မြင့်တက်လာသည့်အတွက် ဆေးရုံကြီးများကို အဆိုပါ ရောဂါကုသရေး ဆေးရုံများအဖြစ် ပြောင်းလဲနေကြောင်း သိရသည်။

ဂျကာတာမြို့ရှိ ဆေးရုံကြီးသုံးလုံးကို ကိုဗစ်-၁၉ ရောဂါကုသရေးဆေးရုံများအဖြစ် ပြောင်းလဲကာ   အစိုးရကတည် ဆောက်ပေးထားသော အိမ်ရာဝင်းများအတွင်းရှိ  ဆေးရုံကြီးနှစ်လုံးကို  ရောဂါပြင်းထန်မှု မရှိသူများအား  ကုသပေးရေး နေရာများအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ဇွန် ၂၅ ရက်တွင် ပြောသည်။

ရောဂါကုသရေးဆေးရုံကြီးသုံးလုံးတွင် ရောဂါကုသရေးအတွက်   လိုအပ်သော ထောက်ပံ့ရေးပစ္စည်း အပြည့်အစုံဖြည့်တင်းထားပြီး အတွေ့အကြုံရှိသောဆရာဝန်များနှင့် သူနာပြုများကို တာဝန်ချသွားမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် အရေးပေါ်အခန်းများကိုလည်း ကိုဗစ်-၁၉ ရောဂါကုသရေး အတွက်အသုံးပြုမည်ဖြစ်ပြီး အရေးပေါ်လူနာများကိုမူ ဆေးရုံများအပြင်ဘက်ရှိတဲများတွင် ထားရှိကုသပေးသွားမည်ဖြစ်သည်။

အစိုးရအနေဖြင့်    နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ခုတင်အလုံးပေါင်း ၈၅၀၀၀ ကိုပြင်ဆင်ထား သော်လည်း လက်ရှိတွင် ခုတင်အလုံးပေါင်း ၆၀၀၀၀ မှာ လူနာများဖြင့် ပြည့်နေပြီဖြစ်ကြောင်း သိရသည်။

Ref: TST