ဖိလစ်ပိုင်သမ္မတဟောင်း ဘန်နစ်နိုအကွီနိုကွယ်လွန်မှုကို နိုင်ငံတကာကဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့

ဖိလစ်ပိုင်သမ္မတဟောင်း ဘန်နစ်နိုအကွီနိုကွယ်လွန်မှုကို နိုင်ငံတကာမှ ခေါင်းဆောင်များက ဝမ်းနည်းကြောင်း သဝဏ်လွှာများကို ဇွန် ၂၅ ရက်တွင်ပေးပို့ကြောင်း သိရသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသားထောင်ပေါင်းများစွာကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရေး တားမြစ်ကန့်သတ်ချက်များရှိနေသည့်တိုင် သမ္မတဟောင်း၏ ဈာပနသို့ တစ်ခဲနက်တက်ရောက်သည်။

အသက် ၆၁ နှစ်ရှိပြီဖြစ်သည့် ဘန်နစ်နိုအကွီနိုသည် ဆီးချိုရောဂါကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါဖြင့် ဇွန် ၂၄ ရက်တွင် ကွယ်လွန်ခြင်းဖြစ်သည်။ ၎င်းင်း၏ဈာပနကို ဇွန် ၂၆ ရက်တွင်ပြုလုပ်သွားမည် ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေက ဘန်နစ်နိုအကွီနိုကွယ်လွန်မှုအတွက် တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးမှု သီတင်းပတ် အဖြစ် ၁၀ ရက်သတ်မှတ်ထားပြီး အလံများကို တိုင်တစ်ဝက်တွင်လွှင့်ထူရန် ညွှန်ကြားထားသည်။

ဘန်နစ်နိုအကွီနိုသည် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် မနားမနေ အလုပ်လုပ်ပြီး နိုင်ငံအတွက်ခိုင်မာသည့် ချမ်းသာဝပြောမှုကို အမွေအဖြစ်ထားခဲ့နိုင်ကြောင်း စင်ကာပူသမ္မတဟာလီမာယာကော့က ပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကမူ ဘန်နစ်နိုအကွီနိုသည် အမေရိကန်ပြည်ထောင်စုအတွက် တန်ဖိုးရှိသော မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး ၎င်းင်းကိုနှစ်ပေါင်းများစွာကြာ အမှတ်ရနေမည်ဖြစ်ကြောင်း ပြောသည်။

ဘန်နစ်နိုအကွီနိုသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး  ၎င်းင်း၏သမ္မတ သက်တမ်းတစ်လျှောက်   အအောင်မြင်ဆုံးလုပ်ရပ်မှာ ခွဲထွက်ရေးအဖွဲ့ ဖြစ်သည့် မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေး တပ်ဦးနှင့် ငြိမ်းချမ်းရေးသဘော တူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: NCA