ကျောက်ကြီးမြို့နယ်၊ တုံးကြီးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၃၁

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ဘုန်းတော်ကြီးကျောင်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာမှု ရှိစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးတို့အတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တုံးကြီးကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကျောက်ကြီး တပ်နယ်မှ တပ်မတော်သားများက ကျောင်းဝင်းအတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများ နေရာချထား ပေးခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။