ထိုင်းနိုင်ငံအစိုးရက ကွာရန်တင်းဝင်ရန် မလိုသည့်ခရီးသွား လုပ်ငန်းကို ဇူလိုင် ၁ ရက်တွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါခရီးသွားလုပ်ငန်း စတင်ဖွင့်လှစ်မှုတွင် ဖူးခက်ကျွန်းဖြင့် ပထမဆုံး စတင်ခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် ပြည်ပခရီးသွားများ ရောက်ရှိလာသည်ကို တွေ့ရသည်။
ထိုင်းအစိုးရအနေဖြင့် အယ်ဖာနှင့် ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် စိုးရိမ်ပူပန်မှု အပါအဝင် အဆိုးဝါးဆုံး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရစဉ် အဆိုပါခရီးသွား အစီအစဉ် စတင်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးအတွက် ဝင်ငွေ ၅ ပုံ ၁ ပုံနီးပါးမှာ ခရီးသွားလုပ်ငန်းမှ ရရှိခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ထိုနိုင်ငံ၏ စီးပွားရေးမှာ ၁၉၉၇ ခုနှစ် အရှေ့တောင်အာရှဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပွားပြီးနောက် အဆိုးဝါးဆုံး ကျဆင်းမှုနှင့်ရင်ဆိုင်ရသည်။
ထို့ကြောင့် ထိုင်းအစိုးရ အနေဖြင့် အဆိုပါ ဖူးခက်ကျွန်းမှ စတင်သည့် ကွာရန်တင်းဝင်ရန်မလိုသော ခရီးသွားလုပ်ငန်းဖြင့် စီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် များစွာမျှော်လင့်ထားသည်။
ထိုအစီအစဉ်အရ ကာကွယ်ဆေး အပြည့်အဝထိုးပြီးနောက် အထောက်အထား ပြသနိုင်သည့် ခရီးသွားများအနေဖြင့် ကွာရန်တင်း မဝင်ရဘဲ ဖူးခက်ကျွန်းတွင် လည်ပတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။