တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စိန်ခေါ်သူမည်သူမဆို ကြီးကြီးမားမား ပေးဆပ်ရမည်ဟုဆို

တရုတ်တစ်နိုင်ငံတည်း ဟူသော မူဝါဒကို စိန်ခေါ်သူမည်သူမဆို ကြီးကြီးမားမား ပေးဆပ်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဝမ်ယီက ဂျာမနီနိုင်ငံသို့ သြဂုတ် ၃၁ ရက်တွင် ရောက်ရှိစဉ်ပြောသည်။

ချက်သမ္မတနိုင်ငံ၏အထက်လွှတ်တော်ဥက္ကဋ္ဌ၏ တရုတ်(တိုင်ပေ)သို့ချစ်ကြည်ရေး ခရီးသွားမှုနှင့် စပ်လျဉ်း၍ ဝမ်ယီက ယခု

ကဲ့သို့ပြောခြင်းဖြစ်သည်။

တရုတ်(တိုင်ပေ)သည် တရုတ်နိုင်ငံကထာဝရ ပိုင်ဆိုင်သည့် နယ်နိမိတ်ဖြစ်ကြောင်း ဝမ်ယီကပြောကာ တရုတ်တစ်နိုင်ငံတည်းဟူသော မူဝါဒကို စိန်ခေါ်သူမည်သူမဆို လူဦးရေ ဒသမ ဘီလီယံရှိသော တရုတ်လူမျိုးများ၏ ရန်သူဖြစ်ကြောင်းနှင့် နိုင်ငံတကာ၏ ယုံကြည်မှုနှင့် ကျင့်ဝတ်စည်းမျဉ်းများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ချက်သမ္မတနိုင်ငံ၏ အထက်လွှတ်တော်ဥက္ကဋ္ဌ မီလော့ဗစ်စတာဆယ်၏ တရုတ်(တိုင်ပေ) ချစ်ကြည်ရေးခရီးစဉ်သည် တရုတ်နိုင်ငံကို ရန်စခြင်းသက်သက်ဖြစ်ကြောင်းနှင့် နိုင်ငံရေးသမားက   တရုတ်နိုင်ငံ၏ အင်အားအပေါ် စိန်ခေါ်နေခြင်းကို တရုတ်အစိုးရနှင့် ပြည်သူလူထုက လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း ဝမ်ယီကပြောသည်။

မီလော့ဗစ်စတာဆယ်သည် သြဂုတ် ၃၀ ရက်တွင် တရုတ်(တိုင်ပေ)သို့ ချစ်ကြည်ရေး ခရီးရောက်ရှိပြီး ထိုခရီးစဉ်ကို တရုတ်အစိုးရအပြင် ချက်သမ္မတရုံးကပါ ကန့်ကွက်ထားသည်။ ၎င်းသည် နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင် အယောက် ၉၀ ကို ဦးဆောင်၍ တရုတ်(တိုင်ပေ)သို့ ကုန်သွယ်ရေးကိစ္စဖြင့် ခြောက်ရက်ကြာချစ်ကြည်ရေး ခရီးသွားရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Global Times