အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၃ ဒသမ ၆ သန်းကျော်လာ

အိန္ဒိယနိုင်ငံ၌ သြဂုတ် ၃၁ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၇၈၅၁၂ ဦးရှိသည့်အတွက် သြဂုတ် ၃၀ ရက်၏စံချိန်တင်ကူးစက်မှုထက် အနည်းငယ်လျော့နည်းသော်လည်း ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ဒသမ ၆၄ သန်းကျော်လာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုနိုင်ငံ၏ သြဂုတ် ၃၀ ရက်ဗိုင်းရပ်ကူးစက်ခံရသူအရေအတွက်မှာ ၇၈၇၆၁ ဦးရှိပြီး ယင်းပမာဏသည် အမေရိကန်ကို ကျော်၍ ကမ္ဘာပေါ်တွင် တစ်ရက်အတွင်း ဗိုင်းရပ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်လာခြင်း ဖြစ်သည်။

ကမ္ဘာ့လူဦးရေ ဒုတိယအ များဆုံးဖြစ်သော အိန္ဒိယနိုင်ငံ၏ နေ့စဉ်ဗိုင်းရပ်ကူးစက်ခံရမှု ပမာဏသည် သြဂုတ် ရက်မှစ၍   တရိပ်ရိပ်မြင့်တက်လာပြီး အမေရိကန်နှင့်ဘရာဇီးနိုင်ငံတို့ကို ကျော်လွန်ကာ ကမ္ဘာပေါ်တွင် နေ့စဉ်ဗိုင်းရပ်ကူးစက်မှု အများဆုံးဖြစ်လာသည်။ သို့သော် သေဆုံးမှုနှုန်းမှာ ထိုနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးနေဆဲဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၆၄၈၀၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: The Straits Times