အာဂျင်တီးနား အသင်းနှင့် ပွဲစဉ် (၁၀၀) ပြည့် မြောက်ခဲ့သည့် တိုက်စစ်မှူးအဂူရိုကို အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်

အာဂျင်တီးနားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အာဂျင်တီးနား အသင်းနှင့်အတူ နိုင်ငံတကာပွဲစဉ် (၁၀၀) ပြည့်မြောက်ခဲ့သည့်  ဝါရင့်တိုက် စစ်မှူးအဂူရိုကို ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် အာဂျင်တီးနား အသင်း၏ ဝါရင့်တိုက်စစ်မှူး အဂူရိုသည် ဇွန် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့်  ကိုပါအမေရိက ဖလားပွဲစဉ်ဖြစ်သော  ဥရုဂွေးအသင်းနှင့် ကစားအပြီးတွင် အာဂျင်တီးနား အသင်းနှင့်အတူ နိုင်ငံတကာပွဲစဉ် (၁၀၀) ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ဝါရင့်တိုက်စစ်မှူးအဂူရိုသည်  ၂၀၀၅  ခုနှစ် ဇန်နဝါရီလမှစ၍  အာဂျင်တီးနားအသင်းနှင့်အတူ ပါဝင်ကစားခွင့် ရရှိကာ အသင်းနှင့် လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ စုစုပေါင်း ၁၀၃ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး ၄၁ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝါရင့်တိုက်စစ်မှူး အဂူရိုသည် အာဂျင်တီးနားအသင်းသမိုင်းတစ်လျှောက်  နိုင်ငံတကာပွဲ အများဆုံး ကစားသမားစာရင်းတွင်လည်း သတ္တမမြောက် ပွဲအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသကဲ့သို့  အာဂျင်တီးနား အသင်းအတွက် သွင်းဂိုးအများဆုံးကစား သမားစာရင်းတွင်လည်း မက်ဆီနှင့် ဘာတစ္စတူတာတို့ နောက်၌ တတိယသွင်းဂိုး အများဆုံး ကစားသမားအဖြစ်   ရပ်တည်လျက်ရှိသည်။

သွင်းဂိုး  (၁၀၀)  ပြည့်မြောက်ခဲ့သည့်  အာဂျင်တီးနားအသင်း ဝါရင့်တိုက်စစ်မှူး အဂူရိုကို ၎င်း၏ ပုံပါ အထိမ်းအမှတ်ပန်းချီကားနှင့်  ပွဲစဉ် (၁၀၀)  ပြည့်အထိမ်းအမှတ်တံဆိပ်ကိုပါ  ပေးအပ်ခဲ့ ကြောင်း သိရသည်။    

Ref;Goal.com