တရုတ်အာကာသယာဉ်မှူးများ ပထမဆုံး အာကာသလမ်းလျှောက်မှု အောင်မြင်စွာ ဆောင်ရွက်နိုင်

တရုတ်အာကာသယာဉ်မှူးများသည် တရုတ်နိုင်ငံပိုင် ထီအန်ကောင်း အာကာသစခန်းအသစ် အပြင်ဘက်၌   ပထမဆုံး အာကာသလမ်းလျှောက်မှုကို ဇူလိုင် ၄ ရက်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

တရုတ်အစိုးရသည်   အာကာသစခန်းအသစ်အတွက် ပထမဆုံးသော အာကာသယာဉ်မှူးသုံးဦးကို ပြီးခဲ့သည့်လတွင် စေလွှတ်ခဲ့ပြီး  ၎င်းတို့အနေဖြင့်  တရုတ်နိုင်ငံ၏ အရှည်ကြာဆုံးသော အာကာသယာဉ်မှူးပါ အာကာသ အစီအစဉ်အဖြစ် သုံးလကြာနေထိုင်ရမည် ဖြစ်သည်။

အာကာသယာဉ်မှူးများအနက် နှစ်ဦးသည်   ဇူလိုင် ၄ ရက်  နံနက်ပိုင်းတွင် အာကာသစခန်းမှထွက်ခွာပြီး  အာကာသအတွင်း လမ်းလျှောက်ကာ လိုအပ်သည်များလုပ်ဆောင်မှုကို ၇ နာရီကြာ လုပ်ဆောင်ခဲ့ကြောင်း တရုတ်အာကာသအေဂျင်စီက ပြောသည်။

ထို့ပြင် အာကာသယာဉ်မှူးများ ဖြစ်သည့် လျူဘိုမင်းနှင့် တန်းဟောင်ဘိုတို့၏ တီအန်ဟေး   ပင်မလူနေခန်းသို့  ဘေးကင်းစွာ ပြန်လာနိုင်မှုသည်    နိုင်ငံ၏ အာကာသစခန်း ဆောက်လုပ်မှုတွင် ပထမဆုံးသော အာကာသလမ်းလျှောက်မှု အောင်မြင်ခြင်း ဖြစ်ကြောင်း အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထီအန်ကောင်း အာကာသစခန်းဆောက်လုပ်မှုသည် တရုတ်၏ အာကာသအစီအစဉ်တွင်   အဓိက ခြေလှမ်းတစ်ရပ် ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် အင်္ဂါဂြိုလ်ပေါ်သို့ လေ့လာရေး ယာဉ်ဆင်းသက်နိုင်ပြီး လပေါ်သို့ အာကာသယာဉ်များ စေလွှတ်ထားသော နိုင်ငံလည်း ဖြစ်ကြောင်း သိရသည်။

Ref: TST