၁ဝ-၈-၂ဝ၂ဝ ရက်မှစ၍ ပြည်တွင်း လေကြောင်း ခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများ စာရင်း

COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန် ပြည်သူများ အနေဖြင့် ၁ဝ-၈-၂ဝ၂ဝရက်မှစ၍ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများ ရှိနေသော မြို့နယ်များသို့/ မှ ခရီးသွား လာမှုများရှိပါက မိမိအသိစိတ်ဖြင့် ချက်ချင်း သတင်းပေးပို့ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သတိပေး နှိုးဆော် ပန်ကြား ထားပြီးဖြစ်ပါသည်။

၁ဝ-၈-၂ဝ၂ဝ ရက်မှစ၍ ပြည်တွင်းလေကြောင်း ခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါ ခဲ့သူများ အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေး ဌာနများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများသို့ ချက်ချင်း သတင်းပို့၍ ကျန်းမာရေး စစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။

သို့မှသာ မိမိတွင် ရောဂါကူးစက်မှုရှိပါက အချိန်မီ ကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတစ်ဆင့် မိမိ၏ မိသားစုနှင့် နီးစပ်ရာ များသို့ ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည် ဖြစ်သဖြင့် သတင်းပေးပို့၍ ကျန်းမာရေး စစ်ဆေးမှု ခံယူရန်နှင့် သတင်းပေးပို့ရန် ပျက်ကွက်သူများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနှင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတိပေး နှိုးဆော်ပန်ကြားချက် တွင် ဖော်ပြပါရှိသည်။