မိုးမိတ်မြို့၊ နမီကျေးရွာအနီးရှိ တာဘောင်ကျိုးပေါက်မှုအား ကူညီဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၁

ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်အတွင်း သြဂုတ် ၃၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဒန်းချောင်းရေ မြင့်တက်လာပြီး မိုးမိတ်မြို့၊ နမီကျေးရွာအနီးရှိ ပဒန်းချောင်းကူး သစ်သားတံတား အောက်ခြေဘေးရှိ တာဘောင်များကျိုးပေါက်၍ ကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ တာဘောင်များ မြေဖို့ပေးခြင်း၊ ကျေးရွာအတွင်း သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။