ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ Covid-19ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၁

 

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင် ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အောင်သိဒ္ဒိကိုးထောင်ပြည့်ကျောင်းတိုက်နှင့် ဓမ္မဂုဏ်ရည်ကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ပရဟိတဘုန်းတော်ကြီးကျောင်း၊ သဗ္ဗညုဘုန်းတော်ကြီး ကျောင်း၊ ဓာတ်ဆွမ်ဟုန်ဘုန်းတော်ကြီးကျောင်းတိုက်နှင့် အောင်မင်္ဂလာတပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လယ်တီကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ သာဂရကျေးရွာအုပ်စု၊ ၆ မိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့၊ ညောင်ဝိုင်း၊ တရုတ်တန်းရပ်ကွက်၊ ရွှေဂူဘုန်းတော်ကြီးကျောင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ယန္တရား တပ်ဦးကျောင်းနှင့် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ ဇောတိကာရုံပါဠိတက္ကသိုလ်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 

ထို့အပြင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက် ရှိသည်။

 

ယနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့၊ ပင်လောင်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် သန်လျင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ရွှေကျင်မြို့၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့နှင့် ပြည်မြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို Covid-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Maskများ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။