ဗိုင်းရပ်ကိုမထိန်းချုပ်ဘဲ လမ်းဖွင့်ပေးပါက ကပ်ဆိုက်မှု၏ လမ်းစဖြစ်လာမည်ဟုဆို

နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ဆက်လက်ဖြစ်ပွားနေသော နိုင်ငံများအနေဖြင့် ကူးစက်ခံရသူ အရေအတွက် ထပ်မတိုးလာအောင် ကြိုတင်ကာကွယ်ရမည် ဖြစ်ပြီး ဗိုင်းရပ်ကို မထိန်းချုပ်ဘဲ  လမ်းဖွင့်ပေးလိုက်ပါက ကပ်ဆိုက်မှု၏ လမ်းစဖြစ်လာမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သြဂုတ် ၃၁ ရက်တွင် သတိပေးထားသည်။

ကမ္ဘာသူကမ္ဘာသား အားလုံးသည် ကန့်သတ်မှုများကြောင့် မွန်းကျပ်နေရပြီး ကပ်ရောဂါမဖြစ်ပွားမီ သာမန်နေထိုင်မှုဘဝကို ပြန်လိုချင်နေကြပြီ ဖြစ်ကြောင်း  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ နိုင်ငံတကာရှိ စီးပွားရေးနှင့်လူ့အဖွဲ့အစည်းအားလုံးကို ပုံမှန်အတိုင်းလည်ပတ်စေရန် အပြည့်အဝထောက်ခံကြောင်း၊ ကလေးငယ်များ ကျောင်းပြန်တက်ခြင်းနှင့် ဝန်ထမ်းများလုပ်ငန်းခွင် ဝင်ခြင်းကို ပြန်တွေ့မြင်လိုသော်လည်း အားလုံးကို ဘေးကင်းစေလိုကြောင်း ၎င်းင်းကသတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောသည်။

မည်သည့်နိုင်ငံကမျှ ကမ္ဘာ့ကပ်ရောဂါပြီးဆုံးပြီဟု ဟန်မဆောင်နိုင်ကြောင်း၊ အမှန်စင်စစ်တွင် ဗိုင်းရပ်ကူးစက်မှုမှာ အလွန်

လွယ်ကူကြောင်းနှင့် ဗိုင်းရပ်ကို ထိန်းချုပ်မှု မရှိဘဲ   လမ်းဖွင့်ပေးပါက ကပ်ဆိုက်မှု၏ လမ်းစဖြစ်လာမည် ဖြစ်ကြောင်း  ၎င်းက ဆက်ပြောသည်။

လူစုလူဝေးနေရာများကို ရှောင်ရှားပါက စီးပွားရေးကဏ္ဍများကို ပြန်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်မည်ဖြစ်ကြောင်းနှင့်  မည်သူမဆို  လူထူထပ်ရာနေရာများသို့  မသွားပါက အသက်ရှင်နိုင်ကြောင်း ညွှန်ကြား ရေးမှူးချုပ်က ပြောသည်ဟု သိရသည်။

Ref: The Straits Times