အာဖဂန်နစ္စတန် အရေးတွင် နိုင်ငံရေး သံတမန်ရေးနှင့် စစ်ရေးလွှမ်းမိုးမှုကို တိုးချဲ့လာနိုင်သည့် ရုရှား

အာဖဂန်နစ္စတန်မှ   အမေရိကန်နှင့် ပြည်ပတပ်များ ပြန်လည်ဆုတ်ခွာရန် စီစဉ်နေစဉ် ရုရှားနိုင်ငံသည် အာဖဂန်နစ္စတန်အရေးတွင် နိုင်ငံရေးအရ ပိုမိုပါဝင်လာရန် ကြိုးပမ်းလျက်ရှိသည်။

ရုရှားသမ္မတ    ဗလာဒီမာပူတင်၏ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးသံတမန်  ဇာမီယာကာဘူလော့သည် ဇူလိုင် ၈ ရက်က တာလီဘန်စစ်သွေးကြွ အဖွဲ့မှ နိုင်ငံရေးကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့နှင့်   တွေ့ဆုံ ဆွေးနွေးခဲ့သည်။    အဆိုပါ တွေ့ဆုံပွဲ၌ အာဖဂန်နစ္စတန်တွင် စေ့စပ်ဆွေးနွေးပွဲ များ ပြန်လည်ကျင်းပမည့်အလားအလာ များနှင့် စပ်လျဉ်း၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင်  လက်ရှိ  အာဖဂန်နစ္စတန်၌  ဖြစ်ပွားနေသည့်   နိုင်ငံရေးအခြေအနေများ နှင့်စပ်လျဉ်း၍ ရုရှားအစိုးရက အနီးကပ် စောင့်ကြည့်နေပြီး စိုးရိမ်မကင်းဖြစ်လျက်ရှိ သည်ဟုပြောဆိုထားသည်။    အာဖဂန် နစ္စတန်၌ လောလောဆယ်    တာလီဘန် စစ်သွေးကြွအဖွဲ့က စစ်ရေးအရ အသာစီးရနေပြီး အစိုးရတပ်များမှာ  တာလီဘန်များ၏ ထိုးစစ်ဆင်မှုများနှင့်  ရင်ဆိုင်ရလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

တာလီဘန်တို့သည်  ယခုအခါ နိုင်ငံအတွင်းရှိ  နယ်မြေအများအပြားကို ပြန် လည်ထိန်းချုပ်ထား နိုင်ခဲ့သည့်အပြင် အီရန်နှင့် ထိစပ်နေသည့်  အဓိကနယ်စပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ တာလီဘန်တို့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အာဖဂန်အစိုးရ တပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်ထောင်ပေါင်း များစွာမှာ အိမ်နီးချင်း တာဂျစ်ကစ္စတန် နိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံသွားကြပြီ ဖြစ်သည်။

တာလီဘန်အဖွဲ့က   သိမ်းပိုက်နိုင်ခဲ့သည့်   အစ္စလာမ် ကာလာနယ်စပ်သည် အီရန်နှင့် ထိစပ်နေသည့်    အကြီးဆုံးသော နယ်စပ်ဖြတ်ကျော်ရေးစခန်းတစ်ခုဖြစ်သည်။  စင်စစ်တွင် အစ္စလာမ်ကာလာ မြို့သည်   နိုင်ငံ၏ အဓိကကျသည့်  ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သည့်အပြင် အာဖဂန်အစိုးရက အီရန်နှင့်  ကုန်သွယ်ရေးလုပ် ဆောင်နေသည့်  နယ်စပ်ဒေသလည်း ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင်  ရုရှားအစိုးရက   အာဖဂန်နစ္စတန်အရေးတွင် နိုင်ငံရေးအရ ကြားဝင်ရန် ပိုမိုကြိုးပမ်းလာခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ရုရှားအစိုးရသည် လက်ရှိတွင် အာဖဂန်နစ္စတန် မြောက်ပိုင်း၌  ဖြစ်ပွားနေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်လျက် ရှိသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများ တခြားပြည်ပနိုင်ငံများသို့ ပျံ့နှံ့မည်ကို စိုးရိမ်မကင်းဖြစ်နေခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ် ဆောင်ကြရန် တာလီဘန်အဖွဲ့မှ ကိုယ်စားလှယ်များအား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ရုရှား၏ စိုးရိမ်မှုကို သဘောပေါက်ထားသည့်  တာလီဘန်ကိုယ်စားလှယ် အဖွဲ့ကလည်း   အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ ပြည်ပနိုင်ငံများ၏ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများအတွက် လုံခြုံရေးကို အာမခံပေး ထားသည့်အပြင်    တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် တခြားပြည်ပနိုင်ငံ များအား စိုးရိမ်မှုမဖြစ်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံ၌ အဓွန့်ရှည်တည်တံ့သည့်  ငြိမ်းချမ်းရေးကို ပြန်လည်တည်ထောင်ရန်    လုပ်ဆောင်မည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်ကို တွေ့ရသည်။

အမေရိကန် အစိုးရအနေဖြင့် အာဖဂန်နစ္စတန်၌  တပ်ဖြန့်ထားသည့် ၎င်းတို့၏ စစ်သည်များကို  ယခုနှစ်  သြဂုတ် ၃၁ ရက်တွင်   အပြီးသတ်ရုပ်သိမ်းမည်ဟု အတည်ပြုထားပြီး အမေရိကန်တပ်များ နိုင်ငံအတွင်းမှ ရုပ်သိမ်းပြီးနောက်ပိုင်းတွင် တာလီဘန်စစ်သွေးကြွ များအနေဖြင့် နိုင်ငံအတွင်းရှိ နယ်မြေပိုင်နက် အားလုံးကိုသိမ်းပိုက်နိုင်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် အယ်လ်ကိုင်ဒါ စစ်သွေးကြွများနှင့် ဆက်နွှယ်နေသည့်  အာဖဂန်နစ္စတန်ရှိ  တာလီဘန်များအား  အပြီးသတ် ချေမှုန်းနိုင်ခြင်း မရှိဘဲ အမေရိကန်တပ်များကို နိုင်ငံအတွင်းမှ    ပြန်လည်ရုပ်သိမ်းခြင်းသည် အမေရိကန် အစိုးရ၏ စစ်ရေးအရ ရှုံးနိမ့်မှုတစ်ရပ်အဖြစ်  တချို့ကသုံးသပ် ထားသည့်အပြင်  အာဖဂန်နစ္စတန်အား တာလီဘန်များ၏လက်သို့  ဝကွက်အပ်ခဲ့ ခြင်းဖြစ်သည်ဟူသော ပြောဆိုချက်များ လည်း ထွက်ပေါ်နေသည်။

မည်သို့ပင်ဆိုစေကာမူ အာဖဂန်နစ္စတန် မှ အမေရိကန်တပ်များထွက်ခွာသွားခြင်း သည်  ယင်းနိုင်ငံအတွင်း ကြွင်းကျန်နေသည့်   ပါဝါလစ်လပ်မှုတွင် ရုရှားနိုင်ငံအား  အလွယ်တကူဝင်ရောက်လာနိုင်ရန် လမ်း ဖွင့်ပေးခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

အကြောင်းမှာ ရုရှားနိုင်ငံသည် ဆီးရီးယား အစိုးရ၏ တရားဝင် တောင်းဆိုချက်ဖြင့် ဆီးရီးယားပြည်တွင်း စစ်အတွင်း စစ်ရေးအရ   အောင်မြင်စွာ ကြားဝင်ဖြေရှင်းနိုင်ခဲ့ပြီး   အရှေ့အလယ်ပိုင်း ဒေသ၌လည်း ရုရှား၏    စစ်ရေးအရ လွှမ်းမိုးမှုကိုပါ ချဲ့ထွင်နိုင်ခဲ့ခြင်းက သက်သေပြနေသောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် အမေရိကန်သည် ရုရှားနိုင်ငံ၏    စွမ်းဆောင်ရည်ကို စမ်းသပ်နိုင်ရန်အတွက်   လုံခြုံရေးအရ  ဖရိုဖရဲ ဖြစ်နေသည့် အခြေအနေတွင် ရုရှားအစိုးရအား  အာဖဂန်နစ္စတန်အရေး၌  ပါဝင်လာစေ ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သုံးသပ်ချက်များ ထွက်ပေါ်နေသည်။

အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုသည်  တာလီဘန်စစ်သွေး<ကအဖွဲ့ ကို    အပြီးသတ် ချေမှုန်းနိုင်ခြင်း မရှိဘဲ နိုင်ငံအတွင်းမှ   ဆုတ်ခွာခဲ့ရခြင်းဖြစ် သည်ဟုဆိုနိုင်သည်။ ယင်းအခြေအနေ ကို ကမ္ဘာ့အင်အားကြီး နိုင်ငံများ ဖြစ်သည့်   ရုရှား၊   တရုတ်အပါအဝင်   ဥရောပရှိ  အင်အားကြီးနိုင်ငံများကလည်း  စောင့်ကြည့်လျက်ရှိသည်။

ထို့ပြင်   အာဖဂန်နစ္စတန်၌ ငြိမ်းချမ်းရေး  သဘောတူညီချက်တစ်ရပ်  ချမှတ်နိုင်ခြင်းမရှိဘဲ  ပြန်လည်ထွက်ခွာ သွားခြင်းသည်  ဗီယက်နမ်တွင်   အမေရိကန်တို့ တွေ့ကြုံခဲ့ရသည့် စစ်ရှုံးမှုတစ်ရပ်ကိုဖော် ပြနေသည်ဟုလည်း ဆိုနိုင်သည်။

ထို့ကြောင့် အာဖဂန်နစ္စတန်၌ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် မပါဝင်ဘဲ  ရုရှားနိုင်ငံက စွမ်းဆောင်နိုင် မည်ဆိုပါက  အရှေ့အလယ်ပိုင်းဒေသ တွင် စစ်ရေးအရ လွှမ်းမိုးမှုကို  ချဲ့ထွင်နိုင်သကဲ့သို့  တောင်အာရှ၌လည်း  ရုရှားနိုင်ငံ၏ သံတမန်နည်းလမ်း၊ နိုင်ငံရေးပရိယာယ် ကို      အသုံးချနိုင်မည် ဖြစ်သည့်အပြင် နောက်ဆုံးတွင် စစ်ရေးအရ လွှမ်းမိုးမှုကိုပါ တိုးချဲ့နိုင်မည့် အလား အလာရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။    ။

ဇေယျဘုန်း

Ref: Sputnik