ယိုရှီဟီဒေးဆူဂါက ရှင်ဇိုအာဘေးနေရာကို ဆက်ခံရန် ပါတီတွင်းထောက်ခံမှုများရရှိ

ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီဟီဒေးဆူဂါသည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သော ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ နေရာကိုဆက်ခံရန် အာဏာရပါတီအတွင်းမှ ထောက်ခံမှုများ ရရှိထားကြောင်း NHK သတင်းဌာနက စက်တင်ဘာ ၁ ရက်တွင်ဖော်ပြသည်။

ရှင်ဇိုအာဘေး၏ လက်ထောက်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ယိုရှီဟီဒေးဆူဂါသည် အာဘေးချမှတ်ခဲ့သော မူဝါဒလမ်းစဉ်ကို   တစိုက်မတ်မတ်ဆက်လက် အကောင်အထည်ဖော်မည်ဟု အများ၏ယုံကြည် မှုကိုရရှိထားသည့်အတွက် ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်မှုတွင် တစ်ပြေးနေခြင်း ဖြစ်သည်။

ရှင်ဇိုအာဘေး၏ မူဝါဒများတွင်   နိုင်ငံ၏စီးပွားရေးကို ပြန်လည်တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကြွေးမြီကင်းရှင်းစေရန် ရည်ရွယ်ထားသည့် အာဘေးစီးပွားရေး မဟာဗျူဟာလည်း ပဝင်သည်။

ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခွင့်ရရှိနိုင်ရန် ဦးစွာအာဏာရပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ဖြစ်ရမည် ဖြစ်ပြီး ထိုခေါင်းဆောင်နေရာအတွက် မဲပေးရွေးချယ်မှုကို စက်တင်ဘာ ၁၄ ရက်တွင်ပြုလုပ်မည် ဖြစ်သည်။

ရှင်ဇိုအာဘေးသည် ကျန်းမာရေးကြောင့် ရာထူးမှနုတ်ထွက်ကြောင်း သြဂုတ် ၂၈ ရက်တွင် ရုတ်တရက် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Global Times