အမေရိကန်နဲ့ စစ်ရေးတင်းမာနေချိန် ပင်လယ်ထဲဆင်းသွားပြီဖြစ်တဲ့ ရှန်းတုံ

သူ့နာမည်က ရှန်းတုံ။ တရုတ်နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းဖြစ်   လေယာဉ်တင်သင်္ဘော။ တရုတ်ရေတပ်အတွက် ဆိုရင်တော့ ဒုတိယမြောက်လေယာဉ်တင်သင်္ဘောပေါ့။ အခုတော့ လေ့ကျင့်ခန်းတွေစလုပ်ဖို့အတွက် စက်တင်ဘာ ၁ ရက်မှာ သင်္ဘောကျင်းကနေ ထွက်ခွာသွားပါပြီ။ သူဟာ လာမယ့် ၂၂ ရက်အတွင်း   ဘိုဟိုင်းပင်လယ်ထဲမှာ ရှိနေပါလိမ့်မယ်။

သူ့အပေါ်မှာ တင်ဆောင်မယ့် လေယာဉ်တွေကတော့ J-15 တိုက်လေယာဉ်တွေပါ။ အဲဒီတိုက်လေယာဉ်တွေဟာ ရှန်းတုံအတွက်ပဲ သီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ရှန်းတုံဟာ စက်တင်ဘာ ၁ ရက်မှာ တရုတ်နိုင်ငံမြောက်ပိုင်း လျောင်နင်ပြည်နယ်မှာရှိတဲ့ ဒါလျန်းသင်္ဘောကျင်းကနေ မီးရှူးမီးပန်းတွေပစ်လွှတ်ပြီးနောက် ဆွဲသင်္ဘောတွေ အကူအညီနဲ့ ပင်လယ်ထဲကို ဆင်းသွားတာပါ။

သူ့အပေါ်မှာတော့ J-15 တိုက်လေယာဉ်နဲ့တူတဲ့ စံပြုပုံစံလေယာဉ်တစ်စင်းနဲ့ Z-18 ရဟတ်ယာဉ်နဲ့တူတဲ့   စံပြုပုံစံ လေယာဉ်တစ်စင်းတို့ ပါဝင်သွားပါတယ်။

ရှန်းတုံကိုဒီနှစ်ကုန်မှာ တိုက်ပွဲဝင်အသင့်ဖြစ်လာစေဖို့အတွက် တာဝန်ရှိသူတွေက အခုကတည်းက အမှန်တကယ် တိုက်ပွဲဝင် စွမ်းဆောင်ရည်တွေကို    ဆက်လက်တည်ဆောက်ပေးနေပါတယ်။

အခုဆိုရင် တရုတ်ဟာတိုက်ပွဲဝင်အသင့်ဖြစ်နေတဲ့ လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ တိုက်ပွဲဝင်အသင့် ဖြစ်တော့မယ့် လေယာဉ်တင်သင်္ဘောတစ်စင်းကို ပိုင်ဆိုင်သွားပါပြီ။ လက်ရှိအခြေအနေနဲ့တော့ အချိန်ကိုက်ပါပဲ။

ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ထဲမှာ အထူးသဖြင့် အမေရိကန် နိုင်ငံရဲ့ စစ်ရေးအရ ဖိအားပေးမှုတွေ၊ တရုတ်နိုင်ငံရဲ့အဓိက ပင်လယ်ရေလမ်းကြောင်းမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ စစ်ရေးအရ ဆောင်ရွက်မှုတွေကို တရုတ်နိုင်ငံကခုခံရာမှာ အခုလိုလေယာဉ်တင်သင်္ဘော နှစ်စင်းပိုင်ဆိုင်မှုဟာ  မဟာဗျူဟာကျတဲ့ အရေးပါမှုဖြစ်ပါတယ်။

အခုလိုမျိုး     ရှန်းတုံကိုပင်လယ်ရေကြောင်း ခရီးစေလွှတ်ခြင်းဟာလည်း ဘိုဟိုင်းပင်လယ်ထဲမှာ စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၂၂ ရက်အထိ စစ်ရေးလေ့ကျင့်မှာ ဖြစ်တဲ့အတွက် ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တိုက်ဆိုင်တယ်ဆိုတာထက်   ကြိုတင်စီစဉ်ထားတာဆိုရင် ပိုမှန်ပါလိမ့်မယ်။

ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားတဲ့ အထဲမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရေတပ်ရဲ့ လေတပ်ဌာနချုပ် တည်ရှိရာနေရာအလွန် ပင်လယ်ပြင်ပါဝင်နေပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရှန်းတုံရဲ့ပင်လယ်ပြင် လေ့ကျင့်ခန်းမှာ တိုက်လေယာဉ်တွေနဲ့ ပေါင်းစပ်လေ့ကျင့်သွားဖွယ် ရှိတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံက လေယာဉ်တင်သင်္ဘောအခြေပြု J-15 တိုက်လေယာဉ်တွေကို ပြီးခဲ့တဲ့နှစ်တွေကတည်း ကထုတ်လုပ်နေတာပါ။ တိုက်လေယာဉ်မှူးတွေကိုလည်း လေ့ကျင့်ပေးနေပါတယ်။

ဒါကြောင့် ရှန်းတုံရဲ့အခုလေ့ကျင့်မှုမှာ J-15 တိုက်လေယာဉ်တွေရဲ့ စွမ်းပကားနဲ့ ပေါင်းစပ်လေ့ကျင့်မှုကို လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ အမည်မဖော်လိုသူ တရုတ်စစ်ဘက်ကျွမ်းကျင်ပညာရှင် တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလတုန်းက J-15 တိုက်လေယာဉ်တွေကို ထုတ်လုပ်နေတဲ့ ရှန်ယန်းလေယာဉ်တည်ဆောက်ရေး ကုမ္ပဏီကနေ ဓာတ်ပုံတွေ ထွက်ပေါ်လာပါသေးတယ်။

ထွက်ပေါ်လာတဲ့အဲဒီဓာတ်ပုံတွေအရဆိုရင်   လေယာဉ်တင်သင်္ဘောအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ J-15 တိုက် လေယာဉ်တွေကို အစိမ်းရောင်ဆေးသုတ်ထားတာတွေ့ရပြီး ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်စဉ် ဆားရည်ပေါက်မှု မဖြစ်စေနိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုထားတယ်လို့ ရှန်ယန်းကုမ္ပဏီက နောက်ပိုင်းမှာ ပြောပါတယ်။

လက်ရှိ    အနေအထားအရဆိုရင် နောက်ဆုံးလေ့ကျင့်မှုတွေ  လုပ်အပြီးမှာ   တိုက်ပွဲဝင်အသင့်ဖြစ်ဖို့အတွက် အချိန်သိပ်

ကြာ တော့မှာမဟုတ်ပါဘူး။ အကြောင်းရင်းကတော့ တရုတ်နိုင်ငံရဲ့ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်တဲ့ လျောင်နင်ကနေရရှိတဲ့ အတွေ့အကြုံတွေကြောင့်ပါပဲ။

ရှန်းတုံအတွက်နောက်ဆုံးလေ့ကျင့်မှုကတော့ ဒီနှစ်အကုန်ပိုင်းမှာဖြစ်မှာပါ။ အဲဒီလေ့ကျင့်မှုဟာ ရှန်းတုံအတွက်တော့ တိုက်ပွဲဝင် အသင့်ဖြစ်မှုအတွက် အခြေခံပဲဖြစ်ပါတယ်။

ရှန်းတုံ   လေယာဉ်တင်သင်္ဘောကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းယမြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ တပ်တော်သွင်းခဲ့တာဖြစ်ပြီး အဲဒီလနှောင်းပိုင်းမှာပဲ ရှန်းတုံဟာ ဒါလျန်းသင်္ဘောကျင်းကို ပြန်လာခဲ့ပါတယ်။

အခုလေ့ကျင့်ရေး ခရီးထွက်ခွာမှုက ရှန်းတုံအတွက်ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တုန်းက   ပင်လယ်ဝါနဲ့   ဘိုဟိုင်း

ပင်လယ်အော်အတွင်းမှာ ၂၃ ရက်ကြာလေ့ကျင့်ခဲ့တာပါ။

မကြာသေးခင်နဲ့    လတ်တလောမှာ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ရေလက်ကြားတို့မှာ အမေရိကန်နဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာပါတယ်။

ဒီအချိန်မှာ ရှန်းတုံအနေနဲ့ တိုက်ပွဲဝင်အသင့်ဖြစ်တော့မှာ ဖြစ်တဲ့အတွက် တရုတ်ရေတပ်က တိုက်ပွဲဝင်အသင့်ဖြစ်နေတဲ့ လေယာဉ်တင်သင်္ဘောနှစ်စင်းသာ ပိုင်ဆိုင်သွားပြီဆိုရင် လက်ရှိဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို သိပ်ဂရုစိုက်စရာ မလိုတော့ပါဘူး။

တရုတ်(တိုင်ပေ)ကိုဆိုရင်လည်းလေယာဉ် တင်သင်္ဘောနှစ်စင်းနဲ့ ကြိုက်တဲ့ဘက်ကနေ ပိတ်ထားနိုင်ပြီး အမေရိကန်ဘက်ကကြားဝင်စွက်ဖက်မှုတွေ    ဝင်မလာနိုင်အောင် တရုတ်ဒုံးတပ်ဖွဲ့ရဲ့ DF-21D နဲ့ DF-26 လေယာဉ်တင် သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တွေနဲ့   ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့ ရေတပ်ကျွမ်းကျင်ပညာရှင်   လီကျီးက ပြောပါတယ်။

ဒါကြောင့် ရှန်းတုံလေယာဉ်တင်သင်္ဘောကို အောင်မြင်စွာ တည်ဆောက်နိုင်ခြင်း၊ တိုက်ပွဲဝင်အသင့်ဖြစ်အောင် ဆောင်ရွက်

နိုင်ခြင်းတို့ဟာ   အခုလိုမျိုး အမေရိကန်နဲ့ စစ်ရေးအရ တင်းမာနေချိန်    ပင်လယ်ရေကြောင်း မဟာဗျူဟာမှာ အလွန်အရေးပါတဲ့ အောင်မြင်မှုသာမက   တရုတ်နိုင်ငံအနေနဲ့ နောက်ထပ်လေယာဉ်တင်သင်္ဘောတွေကို ကိုယ်တိုင် တပ်ဆင် ထုတ်လုပ်ဖို့အတွက် အားပေးမှုတစ်ခုပင် ဖြစ်ပါတယ်။

Ref: Global Times