ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19  ရောဂါပိုးတွေ့ လူနာသစ် ၃၇ ဦးထပ်တိုး

နေပြည်တော် စက်တင်ဘာ ၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ယနေ့နံနက် ၈ နာရီ၊ မွန်းလွဲ ၁ နာရီနှင့်  ည ၈ နာရီတို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်များအရ ဓာတ်ခွဲအဖြေများ ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ်  ၃၇ ဦးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းပိုးတွေ့ လူနာ ၉၁၉ ဦးအထိမြင့်တက်လာကြောင်း  သိရသည်။

(၃၁-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL) မှ  ဒုတိယအသုတ်ဓာတ်ခွဲနမူနာ  ၃၅၆ ခု၊ နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲ နမူနာ ၅၅ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ငါးဦးတွေ့ရှိရသည်။

(၃၁-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးမှု များအနေဖြင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)  (NHL) မှ ဓာတ်ခွဲနမူနာ ၁၂၈၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၁၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၆၄ ခု၊ ပြည်သူ့ကျန်း မာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၂၃ ခု၊ ပြည်သူ့ဆေးရုံကြီးကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ၂၈ ခု၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ  ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁ဝ၆ ခုနှင့်  နေပြည်တော် အမှတ်(၂)တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၅၅ ခု စုစုပေါင်း ၂၁၅၂ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁ဝဝ ဦးတွေ့ရှိခဲ့သည်။ (ဓာတ်ခွဲအတည် ပြုလူနာသစ် ၉၅ ဦး တွေ့ရှိကြောင်းကို (၃၁-၈-၂ဝ၂ဝ)ရက် ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။)

(၁-၉-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL) မှ ပထမ အသုတ်ဓာတ်ခွဲနမူနာ ၇၄၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁ဝ၂ ခု၊  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ၂၈ဝ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၉၈ ခု၊  ပြည်သူ့ ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ၂၄ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်- ၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၅ ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁ဝ ခုနှင့် ရန်ကုန်မြို့ အမှတ် (၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၂ဝ၆ ခု  စုစုပေါင်း ၁၇၅၃ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၃၂ ဦး တွေ့ရှိရသည်။ (၁-၉-၂ဝ၂ဝ) ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၉၁၉ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက် တိုက် ပိုးမတွေ့ ရှိသူသုံးဦး(Case-319, 367 နှင့် 388)ရှိသဖြင့် ယနေ့အထိ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၃၅၇ ဦး ရှိပြီဖြစ်သည်။  ၎င်းတို့ အနက် ၃၄၈ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ် နေရာများတွင် အသွား အလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။ (၃၁-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီမှ (၁-၉-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီအတွင်းတွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၆၁ ဦးရှိ ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။

Myawady Webportal