တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရှိ တိရစ္ဆာန်များကို့ Yangon Zoo VR အသုံးပြု၍ ကြည့်ရှုနိုင်မည်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း    တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ကို   ယာယီပိတ်ထားရချိန်တွင် အွန်လိုင်းမှ ၃၆ဝ  ဒီဂရီ လှည့်ပတ်ကြည့်ရှုနိုင်မည့့် Yangon  Zoo VR ကို  စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  သိရသည်။

''Yangon Zoo VR ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖန်တီးပြုလုပ်ထားတဲ့ အတွက် နိုင်ငံခြား   ခရီးသွား ဧည့်သည်တွေလည်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)ရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်''ဟု Htoo Zoos and Gardens  Business Unit General Manager ဦးကြည်စိုးလွင် ကပြောသည်။

Yangon  Zoo VR က https://mm200vr.com/Yangon Zoo VR/ တွင်ဝင်ရောက်၍ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရှိ  တိရစ္ဆာန်များကို အပြင်တွင်ကြည့်ရှုနေသည့် အတိုင်း ခံစားနိုင်မည်ဖြစ်ပြီး တိရစ္ဆာန် တစ်ကောင်ချင်းစီ၏  ဗီဒီယိုနှင့်  Info  ကိုနှိပ်ပါက ၎င်းတို့၏ ဗီဒီယိုဖိုင်များနှင့် ၎င်းတို့၏အကြောင်းများကို  ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။ ထို့ပြင် Zoo Map နှိပ်ပြီး မိမိကြည့်လိုသည့် အကောင်များကို လွယ်ကူစွာ ကြည့်ရှုနိုင်ကြောင်းနှင့့် Yangon Zoo VR ကို နှိပ်၍ကြည့်ရှုသည့်အခါ ကျေးငှက်များ၏ တေးသံများကို ကြားရမည်ဖြစ်သောကြောင့် ဥယျာဉ်ထဲသို့  ကိုယ်တိုင်ရောက်ရှိသွားသကဲ့သို့ ခံစားရမည်ဖြစ်ကြောင်း သိရသည်။