နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ  သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးက သံအမတ်ခန့် အပ်လွှာ ပေးအပ်

နေပြည်တော် စက်တင်ဘာ ၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ  မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက် တစ် ဆိုရှယ်လစ်သမ္မတ နိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန်  သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ လင်ဒါမူလက် နာလင်းကူမား ဒီဆေးဗားသည် ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်  သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို  ပေးအပ်သည်။

အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင် စု ဝန်ကြီး ဦးကျော်တင် နှင့် သံတမန်ရေးရာ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးမင်းသိမ်းတို့ တက်ရောက်ကြ ကြောင်း သိရသည်။