အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာန (ARMAC) ၏ (၁၃)ကြိမ်မြောက်  ဦးဆောင်လမ်းညွှန် ကော်မတီ အစည်း အဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌  13th  Meeting of   ARMAC  Steering  Committee  အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့်ကျင်းပရာ အဆိုပါအစည်း အဝေးသို့  ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ  မြန်မာ သံအမတ်ကြီး ဦးသစ်လင်း အုန်းနှင့်အတူ ARMAC ၏  Steering Committee ဝင်များဖြစ်သော  လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်အောင်နှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေး မှူး ရုံးမှ ဒုတိယ ဗိုလ်မှူးကြီး အေးဝင်းတို့က Video Conferencing စနစ်ဖြင့် နေပြည်တော်မှ ပါဝင်တက်ရောက် သည်။

အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများ၊ ဦးဆောင်လမ်းညွှန် ကော်မတီဝင် ကိုယ်စား လှယ်များ၊ အာဆီယံ ဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာန ARMAC မှ Mr. ly Panharith (Executive  Director, ARMAC) နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ARMAC ၏ Executive  Director ရွေးချယ်ပွဲကို Voting စနစ်ဖြင့် ပြုလုပ်ရာ ကမ္ဘောဒီးယား နိုင်ငံမှ Mr. Prum Suonpraseth အား အာဆီယံအဖွဲ့ဝင် နိုင်ငံများက ထောက်ခံမဲ ၁ဝမဲဖြင့်  အတည်ပြု ရွေးချယ်ခဲ့ ကြောင်း သိရသည်။