အိန္ဒိယနိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံရသူ ၃ ဒသမ  သန်းနီးပါးအထိ မြင့်တက်

အိန္ဒိယနိုင်ငံ၌  ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးနေစဉ်  နိုင်ငံအတွင်းဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်း  ၃ ဒသမ ၈ သန်း နီးပါးအထိ မြင့်တက်လာကြောင်း   သိရသည်။

စက်တင်ဘာ ၂ ရက်မှာပင်  ဗိုင်းရပ်ကူးစက်ခံရသူ ၇၈၃၅၇ ဦး ရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၃၇၉၄၃၁၄ ဦးနှင့်  သေဆုံးသူစုစုပေါင်း  ၆၆၆၇၈ ဦးရှိသည်။

အိန္ဒိယနိုင်ငံသည်   အမေရိကန်နှင့် ဘရာဇီးပြီးနောက် ဗိုင်းရပ်ကူးစက်မှု တတိယအများဆုံးနိုင်ငံအဖြစ်  ရပ်တည်နေဆဲ ဖြစ်သည်။

သြဂုတ် ၃၁ ရက်တွင်ထုတ်ပြန်သော အချက်အလက်များအရ ဗိုင်းရပ်ကူးစက်မှုကြောင့် နိုင်ငံ၏ စီးပွားရေးသည်  ဧပြီလမှ ဇွန်လအတွင်း  လေးပုံတစ်ပုံ ကျဆင်းသွားသည်။ ကမ္ဘာလှည့်ခရီးသည်များကို ပြန်လည်ဆွဲဆောင်နိုင်ရန်   ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို မကြာသေးမီက ဖြေလျှော့ပေးလိုက်သည့် ဂိုအာပြည်နယ် ဝန်ကြီးချုပ်သည်လည်း ဗိုင်းရပ်ကူးစက်ခံရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ နှစ်လအတွင်း ဗိုင်းရပ်ကူးစက်မှု အခြေအနေသည် အမြင့်ဆုံးသို့ ရောက်ရှိနေသော်လည်း တာဝန်ရှိသူများက

နယူးဒေလီမြို့ရှိ  မြေအောက်မီးရထားပြေးဆွဲမှု ပြန်လည်ဖွင့်လှစ်ရေးအတွက် ဆွေးနွေးနေကြောင်း သိရသည်။

  Ref: The Straits Times