သြစတြေးလျနိုင်ငံ၏ စီးပွားရေး ဒုတိယသုံးလပတ် ကာလတွင် စံချိန်တင်ကျဆင်း

သြစတြေးလျနိုင်ငံ၏  စီးပွားရေးသည် နိုဗယ်ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေး ကြိုးပမ်းချက်များကြောင့် ယခုနှစ်ဒုတိယ သုံးလပတ်ကာလတွင် စံချိန်တင်ကျဆင်းကြောင်း စာရင်းအင်းဌာနက စက်တင်ဘာ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံ၏ စီးပွားရေးသည် ပထမသုံးလပတ်ကာလတွင် သုည ဒသမ ရာခိုင်နှုန်း ကျဆင်းရာမှ ဒုတိယသုံးလပတ်တွင် ရာခိုင်နှုန်းအထိကျဆင်းကြောင်း စာရင်းအင်းရုံး၏ အချက်အလက်များအရ သိရသည်။

သြစတြေးလျနိုင်ငံ၏ သုံးလပတ်နှစ်ကြိမ်ဆက်တိုက် စီးပွားရေးကျဆင်းမှုသည် ၁၉၉၁ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုသို့စီးပွားရေး ကျဆင်းမှုတွင် အမေရိကန်၊ ဂျပန်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့လည်း ပါဝင်နေသည်။

နိုင်ငံ၏စီးပွားရေးသည် ကိုဗစ်-၁၉ ရောဂါကြောင့် စံချိန်တင် ကျဆင်းခြင်းဖြစ်ပြီး ၂၈ နှစ်ဆက်တိုက်စံချိန်တင် စီးပွားရေးတိုးတက်မှုက ယခုအခါ အဆုံးသတ်လာပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဟို့ဖရိုင်ဒန်ဘာ့က သတင်းထောက်များကို ပြောသည်။

ဒုတိယသုံးလပတ်၏ စီးပွားရေးကျဆင်းမှုသည် ခန့်မှန်းထားသော ဒသမ ရာခိုင်နှုန်းထက် ပိုများပြီး မှတ်တမ်းများ စတင်ပြုစုသည့်  ၁၉၅၉  ခုနှစ်မှစ၍ သုံးလပတ် ပြည်တွင်းအသားတင်ထုတ်လုပ်မှု အကြီးမားဆုံးကျဆင်းခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏လူဦးရေ အထူထပ်ဆုံး    ဗစ်တိုးရီးယား ပြည်နယ်၌ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ထားပြီး နိုင်ငံတကာနယ်စပ်များကို ပိတ်ထားစဉ် ထိုကဲ့သို့ စီးပွားရေး ကျဆင်းမှု ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း    သိရသည်။

Ref: Global Times