စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက်လွှာ များ အချိန်မီပြန်လည် တင်သွင်းရန် အသိပေး နှိုးဆော်ခြင်း

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက်လွှာ များအား ၁၁-၈-၂၀၂၀ ရက်နေ့မှစ၍ တိုင်းစစ်ဌာနချုပ် များတွင် အခမဲ့ထုတ်ပေးလျက်ရှိရာ ၁၅-၉-၂၀၂၀ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် လျှောက်လွှာထုတ်ယူလိုသူများ နီးစပ်ရာ တိုင်းစစ် ဌာနချုပ် များတွင် သွားရောက်ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်း လျှောက်လွှာများအား မိမိတို့လျှောက်လွှာထုတ်ယူ ရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှာ ပိတ်ရက်မတိုင်မီ အချိန်မီပြန်လည် တင်သွင်းကြရန် အသိပေး နှိုးဆော်အပ်ပါသည်။ အသေးစိတ်သိရှိလိုပါက စစ်ရာထူး ခန့်ချုပ်ရုံး (ဖုန်းနံပါတ် ၀၃၆- ၃၀၃၃၁၊ ၀၃၆- ၃၀၃၃၈) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)