မြတ်မင်းကျော်အမည်ရှိ တရွတ်ဆွဲ ငါးဖမ်းလှေ နစ်မြုပ်မှုအား ကူညီကယ်ဆယ်

နေပြည်တော်   စက်တင်ဘာ -

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင် MMG ဆိပ်ကမ်းမှ ပင်လင်ပြင် အတွင်း ငါးဖမ်းရန် ထွက်ခွာလာသည့် လှေသား ၁၈ ဦး လိုက်ပါလာသော မြတ်မင်းကျော် အမည်ရှိ တရွတ်ဆွဲငါးဖမ်းလှေ တစ်စီးသည် စက်တင်ဘာ၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၂၅ မိုင်ခန့်အကွာသို့ အရောက်၌ သောင်တင်တိမ်းစောင်းပြီး ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။

 အဆိုပါ နစ်မြုပ်လှေမှ ပျောက်ဆုံးနေသော လှေသား ၁ ဦးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် လိုအပ်သည့် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်း ရရှိသည်။